သေနတ်ကိုင်ပြီး တောထဲရောက်နေပေမယ့် သတင်းတွေကို ပြက်လုံးအဖြစ် ဖန် တီးကာ တော်လှန်ရေး အငြိမ့် ကပြမယ့် ဟားငါးကောင် အဖွဲ့

ဇာတ်သဘင်လောကမှာ အထိုက်အလျောက်အောင်မြင်မှုတွေထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့ ဟားငါးကောင်အဖွဲ့ကိုတော့ ပရိသတ်တွေ လေးစားချစ်ခင်နေကြမှာပါ..။

ချစ်ခင်တွယ်တာရတဲ့ အနုပညာကိုခဏတာလက်လွတ်ပြီး အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တောထဲမှာ စစ်ပညာသင်ယူနေကြသူတို့အဖွဲ့ကတော့ မကြာခင်မှာ အငြိမ့်ကပြဖျော်ဖြေသွားမယ်လို့ သိရပါတယ်..။

စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ကာ သေနတ်ကိုင်ပြီး တောထဲရောက်နေပေမယ့် သတင်းတွေကို ပြက်လုံးအဖြစ်ဖန်တီးကာ တော်လှန်ရေးအငြိမ့်ကပြသွားမယ့်လို့ ပြောပြလာပါတယ်..။

ရယ်စရာတွေနဲ့အတူ အားရှိစရာသတင်းတွေကို ပြက်လုံးအဖြစ် ဖန်တီးကာ အနုပညာနဲ့တော်လှန်မယ့် ဟာသသပိတ်ဖြစ်တဲ့ ဟား၅ကောင်ရဲ့ တော်လှန်ရေးအငြိမ့်အကြောင်းကို တိုင်းကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားတာ ဖြစ်ပါတယ်..။

“ကျွန်တော် တို့ ကို အငြိမ့်စင်ပေါ်

ရောက်စေချင်နေပြီဆို တဲ့ မိသားစုတွေ

မကြာခင်အငြိမ့်ကြည့်ရတော့မယ်

pvtv ၊ D day ၊ DVB ၊ အစရှိတဲ့channel

တွေက လွှင့်လိမ့်မယ် ရယ်စရာတွေနဲ့

အတူအားရှိစရာသတင်းတွေကို

ပြက်လုံးအဖြစ်ကြိုးစားဖန်တီးမယ်

အနုပညာနဲ့တော်လှန်မဲ့ ဟာသသပိတ်

ဟား၅ကောင်ရဲ့ တော်လှန်ရေးအငြိမ့်

စီစဉ်သူတွေ ၊ ဒါရိုက်တာတွေ က

နိုင်ငံရေး ရော အနုပညာ မှာပါ

တော်လွန်းကြသူတွေဆိုတော့

သေချာတယ် ဟား၅ကောင်ရဲ့

အကောင်းဆုံးအငြိမ့်ခန်းမကြာခင်

ကြည့်ရတော့မယ်

တိုင်းကျော် ( ဟား၅ကောင် )..” ဆိုပြီး တိုင်းကျော်က အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

မကြာခင်မှာ ပြက်လုံးအသစ်အဆန်းတွေနဲ့ မြင်တွေ့ရတော့မယ့် ဟားငါးကောင်တို့ရဲ့ အငြိမ်သဘင်ကို ပြည်သူတွေကလည်း စိတ်ဝင်တစားနဲ့ စောင့်မျှော်အားပေးနေကြမယ့်အကြောင်းတွေကို Comment တွေမှာ ပြောထားကြပါတယ်..။

သတင်းအရင်းမြစ်: Taingkyaw’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *