ရုတ်တရက် ချွဲကျပ်ပြီး အသက်ရှူမဝ ဖြစ် လာ ပါ လျှင်

၁ – ပရုပ်ဆီ သို့မဟုတ် ဒါဏ်ကြေလိမ်းဆေး တမျိုးမျိုးကို လက်ညိုး တကော်စာယူပြီး ခွက်တစ်လုံးတွင်ထည့်ကာ ရေနွေးပူပူလောင်းထည့် ဆေးပျော်သွားအောင် မွှေပေးပါ။

၂ – မတ်ခွက်ကိုလက်ဖဝါးနဲ့အုပ်ပါ ခွက်အတွင်းမှာ ထွက်လာသည့်ဆေးငွေ့ကိုနှာခေါင်းနဲ့ အဆုပ်အတွင်းသို့ရောက်အောင် ဖြေးညင်းစွာရှူသွင်းပါ။

၃ – ဦးခေါင်းကိုအပေါ်မော့ပြီး ပါးစပ်မှ ရှူသွင်းထားသည့်လေကို ပြန်ထုတ်ပါ ။ (ရေနွေးခွက်ရှိရာသို့ ပြန်ထုတ်သည့် လေကိုမဝင်ပါစေနဲ့) ရှူသွင်း ပြန်ထုတ် ၁၀ ကြိမ်ပြုလုပ်ပါ။ထိုသို့လုပ်ခြင်းဖြင့် နှာခေါင်းနဲ့လည်ချောင်းအတွင်း အပူရှိန်ရှိနေသည်။ ၄ – ကျန်ရှိနေသည့် အပူငွေ့ကို ( ခွက်ထဲမှနွေးငွေ့ပြန်ရှူ ထုတ်မသုံး )ရှူလိုက် ၊ထုတ်လိုက် ၊၁၀ ကြိမ် ထပ်မံပြုလုပ်ပေးပါ။ထိုသို့လုပ်နေစဉ် ချွဲများပျော်ကျလာမည်၁၀ ကြိမ်ပြည့်အောင် ဆက်လုပ်ပေးပါ ။

သတိပြုရန် – ၄င်းနည်းကို ချွဲကပ် အသက်ရှူကျပ်သည့်အချိန်၌သာ တစ်နေ့ ၁ ကြိမ်သာလုပ်ပါ။မလိုအပ်ပဲ အကြိမ်ကြိမ် ပြုလုပ်ပါက နှာခေါင်းသွေးလျှံတတ်သည်ကို သတိပြုပါ။

Add a Comment

Your email address will not be published. Required fields are marked *