လူ မှု ကူ ညီရေး(ရန်ကုန်) အ တွက် PPE ဝတ်စုံတွေ လှူပေး လိုက် တဲ့ ညီညီမောင်

ပရိသတ်ကြီးရေ အလှဖန်တီးရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် ညီညီမောင် (စမ်းချောင်း)ကတော့ ဒီနေ့မှာအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ညီညီမောင်ကတော့ လတ်တလော ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်တဲ့နေရာမှာ အဓိကလိုအပ်တဲ့ PPE ဝတ်စုံတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ညီညီမောင်က ဒီနေ့ ဇူလိုင်လ (၁၂)ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ် ရေကူးမြို့မကျောင်းတိုက်မှာရှိတဲ့ လူမှုကူညီရေးအသင်း(ရန်ကုန်)မှာလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ လတ်တလော လူမှုကူညီရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ အသုံးပြုရတဲ့ PPE ဝတ်စုံတွေဝယ်ယူနိုင်ဖို့အတွက် အလှူငွေ (၅)သောင်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ညီညီမောင်ရဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ အလှူလေးကို “ယနေ့အလှူ PPE ဝတ်စုံ အတွက်နိုင်သလောက်အလှုလေးပါ” ဆိုပြီး ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ သုသုရဲ့ အလှူလေးကို ပရိသတ်တွေကသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Nyi Nyi Maung

Add a Comment

Your email address will not be published. Required fields are marked *