အရသာ ပျောက်နေသူများ ကိုယ်တွေ့လေးမျှဝေ ချင် လို့ ပါရှင့်
|အိမ်က မောင်လေးက အရသာကော အနံ့ကော ပျောက်နေတာ ၃ရက်ရှိပါပြီ
မနေ့ညက စ အရသာ ပြန်ရလာပါပြီရှင့်
ဘာတွေ လုပ်လဲ ဆိုတော့
ချွေးထွက်အောင်( ဆနွင်းမိုင်း) ရှူပါတယ်ရှင့်
မီးနေသည်တွေ မီးတွင်းထဲမှာ လုပ်ရသလိုပါ တစ်အိမ်သားလုံး လုပ်ပါတယ်တယ်ရှင့် ဆနွင်းမိုင်းကတော့ ချွေးပုတ်ချွေးစက်တွေ အကုန်စင်အောင်ထွက်ပြီး လေသမားတွေ အတွက်လဲ အဆင်ပြေပါတယ်
မောင်လေး က အရင်နေ့တွေက တော့ သိပ်မထူးခြားပါဘူး ၂ရက်ဖျားပြီးမှ အနံပျောက်တာပါ
ဘယ်ဆေးခန်းမှ မပြပါဘူး အိမ်မာဘဲ တစ်အိမ်လုံး stay home နေပါတယ် ကိုဗစ်စ ဆိုးပြီ ဆိုကတည်းက ကြက်ဥပြုတ် တစ်ယောက် ၂ လုံးစီ နေ့တိုင်းပြုတ်စားပါတယ်
ကြက်ပေါင်း အသီးနှံ အဟာရ ဖစ်တဲ့ ဟာအကုန်စားပါတယ် ငှက်ပျောသီးမှည့် သတိရတိုင်းစားပါတယ် ဗိုက်မဆာလဲ စားပါ
မနေ့ညကမှ သူ့ကို ရေနွေးငွေ့ ရှူခိုင်းပါတယ် ချွေးပြိုက်ပြိုက်ကျ ပြီး ခနနားနေပြီး မှ ဆနွင်းမှိုင်းလုံခိုင်းပါတယ် မြန်မာဆေးနည်းမို့ ဘေးထွက်ဆိုးက်ျုးမရှိပါဘူး
နောက်ပြီးတော့ ချက်ချင်းဘဲ ခွေးတောက်ရွက်ကို ငါးရွက်လောက် အစိမ်းလိုက်စားခိုင်းတယ် အရင်ကဆို ဘာအရွက်မှ မစားပါဘူး အရသာ မရတော့ အကုန်စားတယ် နောက်တော့ ပင်စိမ်းရွက်ဆက်ပြီး စားခိုင်းပါ
တယ် ပင်စိမ်းရွက်စားတော့ မျက်ရည်တွေ ကျလာပြီး ဘာအရသာကြီးလဲ မေ့မေ့ ပါးစပ်တွေ ခါးလာပြီလုပ်ပါတယ်အရသာ ရပီလားဆို ပြီး ထန်းညှက်စားခိုင်းတာ ချိုပြီတဲ့အနံ့ကောဆိုတော့ ရှုဆေးရှုခိုင်းတာ နှာခေါင်း နည်းနည်းတော့ ရှုလို့ကောင်းပြီ အရင်လိုမဟုတ်တော့ဘူးတဲ့
ဒီနေ့ဆို သူသက်သာလာပါပြီဆနွင်းမှိုင်းလုံခိုင်းတာလဲ အဆင်ပြေသွားတယ် သူအသက်ရှုလို့ပိုကောင်းသွားတယ်တဲ့
ပင်စိမ်းရွက်ကိုလဲ ခြေပြီးတော့ ဘေးနားထားအိပ်ရင်လဲ အသက်ရှုဝတယ်တယ်ရှင့်အဓိက က အစား သတိရတိုင်းစားပါ
ကြက်ဥပြုတ် စားပါ တစ်ယောက်ဖစ်တာနဲ့ သူ့ကြီးပဲ မကျွေးပါနဲ့ ကျန်တဲ့သူတွေကော လိုက်စားပါ
ကြက်ပင်စိမ်းတို့ ကြက်ခွေးတောက်တို့လဲ ချက်စားလို့ရပါတယ်ရှင့်
မောင်လေး အရသာ ပြန်ရလို့ မျှဝေပေးတာပါရှင့်
ဆေးကတော့ Vitamin C. Paracap.Sanmoxဆိုတဲ့ ပိုးသတ်ဆေးနဲ့ ချောင်းဆ်ုးပျောက်ဆေး တွဲတိုက်တာပါ အခုချောင်းလဲ မဆိုးတော့ပါဘူးရှင့်
ဆားရေ ပုံမှန် အာလုပ်ကျင်းခိုင်းပါ
အားလုံးကျန်းမာ ကြပါစေ ရှင့်💓💪💪💪