ခေါင်းအုံးအောက် မှာကြက်သွန်ဖြူ ထားပြီး အိပ်ခြင်းကြောင့်ရ ရှိ လာ မယ့်ကောင်းကျိုး ၄ ခု……
|နှာခေါင်းပိတ်တာပျောက်စေတယ်
တစ်ခါတစ်လေကျရင် နှာစေးလို့၊ အအေးမိလို့ နှာခေါင်းပိတ်တာမျိုးမဟုတ်ပဲ ညဘက်ရောက်မှ နှာခေါင်းတစ်ဖက်ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားပြီး အိပ်မယ်ဆိုရင်တော့ ဒီလိုနှာခေါင်းပိတ်တာ သက်သာပြီး ပျောက်သွားစေပါတယ်။ အသက်ရှူလို့ပိုကောင်းလာစေပါတယ်။
ကိုယ်ခံအားစနစ်ပိုကောင်းလာစေတယ်
ကြက်သွန်ဖြူက မကောင်းတဲ့ဘတ်တီးရီးယားတွေကို ချေဖျက်နိုင်ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားပြီး အိပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်ပါ ပိုပြီးကောင်းလာစေပါတယ်။ မနက်နိုးတဲ့အခါမှာလည်း နေလို့ကောင်းတဲ့ feeling မျိုးရစေပါတယ်။
ပိုးကောင်တွေမလာအောင်ကာကွယ်ပေးနိုင်တယ်
ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားတာက ပိုးကောင်တွေ၊ ပင့်ကူတွေ၊ ခြင်တွေမလာအောင် ကြိုတင်ကာကွယ်ပေးပါတယ်။ တချို့ကတော့ ကြက်သွန်ဖြူကနံတယ်ဆိုပြီး အဲ့လိုထားတာမကြိုက်ပါဘူး။ ဒါပေမယ့် ပိုးကောင်တွေရှိတတ်ရင်တော့ ထားသင့်ပါတယ်။
ပိုပြီးအိပ်လို့ကောင်းလာစေတယ်
ကြက်သွန်ဖြူက vitamin B1 ကြွယ်ဝတဲ့အတွက် အိပ်မပျော်ခြင်းကို တိုက်ထုတ်ပေးပြီး ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အာရုံကြောစနစ်လည်း ပိုကောင်းလာစေပြီး စိတ်ကြည်လင်စေတယ်။ စိတ် relax ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်မပျော်ရင်၊ ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင် ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ ထားပြီးအိပ်ပါ။