ေအာက္ဆီဂ်င္စက္ရွိတဲ့ ေနရာကို လာျဖည့္စရာ မလိုဘဲ ကြန္တင္နာကားနဲ ႔တင္ၿပီး ၿမိဳ႕ပတ္ လိုက္ျဖည့္​ေပးမယ့္အေၾကာင္း သတင္းေကာင္းပါးလာတဲ့ နႏၵာလႈိင္

ျမန္မာႏိုင္ငံမွာ ခုဆိုရင္ Covid -19 ေရာဂါဟာ အရွိန္အဟုန္ျပင္းစြာ ကူးစက္ ျဖစ္ေပၚလ်က္ရွိရာ ေသဆုံးသူေတြလည္း မ်ားျပားေနတာေတြ႕ရပါတယ္ ။ အဓိက ျဖစ္ေနရတဲ့ ျပႆနာကေတာ့ ေအာက္ဆီဂ်င္အိုး မလုံေလာက္ေနတာေတြျဖစ္ပါတယ္ ။ လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာဆိုရင္လည္း ေအာက္ဆီဂ်င္လိုအပ္လို႔ အကူအညီ ေတာင္းခံၾကသူေတြ ေန႔ေရာ ညေရာ မနည္းပါဘူး။

ဆိုရင္ ပရဟိတ အသင္းေတြ အလႉရွင္ေတြ စုေပါင္းၿပီး ဒီျပႆနာကို ေျဖရွင္းေနၾကတာ ေတြ႕ရပါတယ္ ။ နႏၵာလႈိင္တို႔ မိသားစုကလည္း တစ္ဦးတည္း အလႉရွင္ အေနနဲ႔ ေအာက္စီဂ်င္စက္႐ုံ ( 50Nm3/h ) ကို မွာယူထားေၾကာင္းေဝမွ်လာပါတယ္ ။ အျမန္ဆုံးေရာက္ေအာင္ ေဆာင္႐ြက္ေနၿပီး ေရာက္ရွိလာပါကလည္း ေအာက္ဆီဂ်င္စက္ရွိတဲ့ေနရာကို လာျဖည့္စရာမလိုဘဲ ကြန္တင္နာကားနဲ႔တင္ၿပီး ၿမိဳ႕ပတ္ လိုက္ျဖည့္​ေပးမယ့္အေၾကာင္း နဲ႔ တစ္ရက္ကို 40L အလုံး ၂၀၀ ျဖည့္​ေပးႏိုင္ေၾကာင္း သတင္းေကာင္းေလး ေဝမွ်လာပါတယ္ ။

” စိတ္ညစ္စရာ​ေတြပဲမ်ား​ေနလို႔ သတင္း​ေကာင္း​ေလးတင္​ေပးပါမယ္…ေအာက္စီဂ်င္စက္႐ုံ ( 50Nm3/h ) ကို မွာယူလိုက္ပါၿပီ။အျမန္ဆုံး​ေရာက္လာဖို႔ႀကိဳးစား​ေနၾကပါတယ္.. ကို​ေဇနဲ႔ မနႏၵာ မိသားစုကတဦးတည္း အလႉရွင္အျဖစ္လႉမွာပါ… တစ္ရက္ကို 40L အလုံး ၂၀၀ ျဖည့္​ေပးႏိုင္မွာပါ။ ထူးျခားခ်က္က​ေတာ့ စက္ရွိတဲ့ဆီလာျဖည့္စရာ မလိုပဲ ကြန္တင္နာကားနဲ႔တင္ၿပီး ၿမိဳ႕ပတ္ၿပီး လိုက္ျဖည့္​ေပးမွာပါ…ဒီသတင္းၾကားၾကားခ်င္း ​ေပ်ာ္လြန္းလို႔..တျခားသူ​ေတြလည္း​ေပ်ာ္ရ​ေအာင္​တင္​ေပးလိုက္ပါတယ္..အားလုံးပဲ ဖိုက္တင္း ” ဆိုၿပီးေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ သတင္းေကာင္းေလး ျပန္လည္တင္ျပေပးလိုက္ပါတယ္ ။

yuan – Cele Zone

Photo – Nanda Hlaing

unicode

မြန်မာနိုင်ငံမှာ ခုဆိုရင် Covid -19 ရောဂါဟာ အရှိန်အဟုန်ပြင်းစွာ ကူးစက် ဖြစ်ပေါ်လျက်ရှိရာ သေဆုံးသူတွေလည်း များပြားနေတာတွေ့ရပါတယ် ။ အဓိက ဖြစ်နေရတဲ့ ပြဿနာကတော့ အောက်ဆီဂျင်အိုး မလုံလောက်နေတာတွေဖြစ်ပါတယ် ။ လူမှုကွန်ရက် စာမျက်နှာထက်မှာဆိုရင်လည်း အောက်ဆီဂျင်လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ နေ့ရော ညရော မနည်းပါဘူး။

ဆိုရင် ပရဟိတ အသင်းတွေ အလှူရှင်တွေ စုပေါင်းပြီး ဒီပြဿနာကို ဖြေရှင်းနေကြတာ တွေ့ရပါတယ် ။ နန္ဒာလှိုင်တို့ မိသားစုကလည်း တစ်ဦးတည်း အလှူရှင် အနေနဲ့ အောက်စီဂျင်စက်ရုံ ( 50Nm3/h ) ကို မှာယူထားကြောင်းဝေမျှလာပါတယ် ။ အမြန်ဆုံးရောက်အောင် ဆောင်ရွက်နေပြီး ရောက်ရှိလာပါကလည်း အောက်ဆီဂျင်စက်ရှိတဲ့နေရာကို လာဖြည့်စရာမလိုဘဲ ကွန်တင်နာကားနဲ့တင်ပြီး မြို့ပတ် လိုက်ဖြည့်ပေးမယ့်အကြောင်း နဲ့ တစ်ရက်ကို 40L အလုံး ၂၀၀ ဖြည့်ပေးနိုင်ကြောင်း သတင်းကောင်းလေး ဝေမျှလာပါတယ် ။

” စိတ်ညစ်စရာတွေပဲများနေလို့ သတင်းကောင်းလေးတင်ပေးပါမယ်…အောက်စီဂျင်စက်ရုံ ( 50Nm3/h ) ကို မှာယူလိုက်ပါပြီ။အမြန်ဆုံးရောက်လာဖို့ကြိုးစားနေကြပါတယ်.. ကိုဇေနဲ့ မနန္ဒာ မိသားစုကတဦးတည်း အလှူရှင်အဖြစ်လှူမှာပါ… တစ်ရက်ကို 40L အလုံး ၂၀၀ ဖြည့်ပေးနိုင်မှာပါ။ ထူးခြားချက်ကတော့ စက်ရှိတဲ့ဆီလာဖြည့်စရာ မလိုပဲ ကွန်တင်နာကားနဲ့တင်ပြီး မြို့ပတ်ပြီး လိုက်ဖြည့်ပေးမှာပါ…ဒီသတင်းကြားကြားချင်း ပျော်လွန်းလို့..တခြားသူတွေလည်းပျော်ရအောင်တင်ပေးလိုက်ပါတယ်..အားလုံးပဲ ဖိုက်တင်း ” ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် သတင်းကောင်းလေး ပြန်လည်တင်ပြပေးလိုက်ပါတယ် ။

yuan – Cele Zone

Photo – Nanda Hlaing

Add a Comment

Your email address will not be published. Required fields are marked *