၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ ညနေ (၄:၀၀)နာရီ အချိန် မိုးလေဝဿ သတင်းထုတ်ပြန်ချက်
|ဘင်္ဂလား ပင်လယ်အော် အခြေအနေ။ ယနေ့မြန်မာ စံတော်ချိန် (၁၃:၃၀)နာရီ အချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်
ရှိသော အိန္ဒိယ နိုင်ငံ၊ ဩရိဿ ကမ်းခြေနှင့် အနောက်ဘင်္ဂလား ကမ်းခြေတို့အနီးတွင်ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်န်(LowPressure Area)သည် ဆက်လက်တည်ရှိနေ
ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် မုတ်သုံလေ အားကောင်း ရာမှ အားအလွန် ကောင်းနေပါသည်။ထူးခြားသည့်အခြေအနေ …. ယနေ့မြန်မာ
စံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ ဗီယက်နမ် နိုင်ငံအထက်ပိုင်းကမ်းခြေ ဒေသများကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော အပူပိုင်း မုန်တိုင်း “ကိုဂုမ”
(Koguma)သည် ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်အားလျော့ သွားခဲ့ပြီး၊ အနောက်-အနောက်မြောက်ဘက် သို့ ဆက်လက် ရွေ့လျား လျက်ရှိပါသည်။မနက်
ဖြန်နံနက်အထိ ခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ ၊ နေပြည်တော်၊စစ်ကိုင်းတိုင်း ဒေသကြီ
အထက်ပိုင်း၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင်
ဒေသအလိုက် နှင့် ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီး
နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ် ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး
လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်
ကမ်းလွန် ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ကမ်းရိုးတန်း ဒေသများတွင် မိုးဆက်လက်ပို နေမည်နေပြည်တော် နှင့်
အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်
မနက်ဖြန်နံနက် အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မ
နက်ဖြန်နံနက်အထိ
ခန့်မှန်းချက်။နေရာ ကွက်ကျား မိုးထစ်ချုန် ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။@မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
Credit