“ကားေပၚစက္တင္၍ တစ္ၿမိဳ႕လုံး ပတ္ၿပီး ေအာက္စီဂ်င္ျဖည့္ေပး မည့္ အစီအစဥ္ မၾကာခင္စ မည္”

ဦးေဇသီဟႏွင့္ သ႐ုပ္ေဆာင္ နႏၵာလႈိင္တို႔ ဇနီးေမာင္ႏွံသည္ တစ္ရက္လွ်င္ ၄ဝ လီတာဆန႔္ ေအာက္ဆီဂ်င္အိုး အ လုံး ၂ဝဝ ထုတ္ေပးႏိုင္မည့္စက္ကို မွာယူထားၿပီးျဖစ္ကာ လာမည့္ႏွစ္ပတ္ေက်ာ္အတြင္း စတင္ျဖန႔္ျဖဴးသြားမည္ဟု ၎တို႔က ေျပာသည္။

အဆိုပါ ေအာက္ဆီဂ်င္ျဖည့္သြင္းေပးစက္ကို ေပ ၂ဝ ကြန္တိန္နာကားႀကီးထဲထည့္ၿပီး ေန႔စဥ္လိုအပ္ခ်က္ရွိေနသည့္ ရပ္ကြက္၊ ၿမိဳ႕နယ္မ်ားထဲသို႔ပတ္၍ အခမဲ့ ထည့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ညပိုင္း၌ အဆိုပါယာဥ္ကို ေဇကမာၻဝင္းထဲ ရပ္နားၿပီး ျဖည့္ေပးသြားမည္ျဖစ္သည့္အျပင္ ၂၄ နာရီနီးပါး လုပ္ေဆာင္ေပးႏိုင္ရန္ စီစဥ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

“စက္အသစ္ 50Nm 3/h ျဖစ္တဲ့ 40L အလုံး ၂ဝဝ ကို ေန႔စဥ္ထုတ္ႏိုင္တဲ့ပမာဏအတြက္ က်သင့္ေငြ သိန္း ၁ ေထာင္ဝန္းက်င္ ( USD 60000 ေအာက္) ေလာက္နဲ႔ရသလို အျမန္ဆုံး ၁၇ ရက္ေန႔မွာ သေဘၤာတင္ ေပးႏိုင္ပါမယ္။ ရန္ကုန္ေရာက္တဲ့အခ်ိန္က ေနာက္လ ပထမအပတ္မွာတင္ စေရာက္ၿပီး စတင္ျဖန႔္ျဖဴးႏိုင္ပါလိမ့္မယ္” ဟု ဦးေဇသီဟက ၎၏ လူမႈကြန္ရက္အေကာင့္တြင္ ေရးသားေဖာ္ျပထားသည္။

၎တို႔အေနျဖင့္ 50Nm3/h Medical Oxygen Plant အတြက္ ေဇကမာၻစက္မႈဇုံထဲက KTK Electrical Engineering Co.,Ltd ႏွင့္ ခ်ိတ္ဆက္၍ တ႐ုတ္ႏိုင္ငံမွ မွာယူခဲ့ၿပီးျဖစ္ၿပီး ေအာက္ဆီဂ်င္စက္႐ုံ ဝယ္ယူ လႉဒါန္းလိုသူမ်ားအေနျဖင့္ ေဈးကြက္ကို ေသခ်ာ ေလ့လာစုံစမ္းေစလိုေၾကာင္း ဦးေဇသီဟမွ အႀကံျပဳထားသည္။

လက္ရွိအေနအထားအရ အျမန္ဆုံးနဲ႔ လူေတြ ပိုၿပီးအက်ိဳးရွိေစမယ့္အခ်က္ကို အဓိကထားလုပ္ေဆာင္လ်က္ရွိၿပီး ေနာက္ထပ္ ေျခလွမ္းေတြအတြက္လည္း ႀကိဳးစားလ်က္ရွိသလို အျမန္ဆုံးေရာက္ေအာင္ ႀကိဳးစားေနေသာ္လည္း ယခုမွစတင္ျခင္းျဖစ္သည့္အတြက္ ေစာင့္ဆိုင္းေနရသည္ကို အားနာမိပါေၾကာင္း၊ ျပည္သူအားလုံး စိတ္မေလ်ာ့ၾကေစလိုေၾကာင္း သ႐ုပ္ေဆာင္ နႏၵာလႈိင္က အားေပးစကားဆိုထားသည္။

နႏၵာလႈိင္တို႔ မိသားစုသည္ ေအာက္ဆီဂ်င္ထုတ္စက္႐ုံ တည္ေဆာက္ေနစဥ္အတြင္း ကိုဗစ္ေရာဂါေၾကာင့္ ေအာက္ဆီဂ်င္ အမွန္တကယ္လိုအပ္ၿပီး ေငြေၾကးမတတ္ႏိုင္သည့္သူမ်ားအတြက္ ေ႐ႊ႕ေျပာင္းလြယ္ Oxygen Concentrator မ်ားကို အခမဲ့ငွားေပးလ်က္ရွိသည့္အျပင္ နႏၵာလႈိင္၏ ညီမႏွင့္ ေမာင္ျဖစ္သူ ေဒါက္တာ ျမတ္စံပယ္လႈိင္ႏွင့္ ေဒါက္ တာစိန္ၿဖိဳးလႈိင္တို႔သည္ ဖုန္းမွတဆင့္ ကိုဗစ္ကုသေရးအတြက္အႀကံေပးလ်က္ရွိသည္။

Credit

unicode

ဦးဇေသီဟနှင့် သရုပ်ဆောင် နန္ဒာလှိုင်တို့ ဇနီးမောင်နှံသည် တစ်ရက်လျှင် ၄ဝ လီတာဆန့် အောက်ဆီဂျင်အိုး အ လုံး ၂ဝဝ ထုတ်ပေးနိုင်မည့်စက်ကို မှာယူထားပြီးဖြစ်ကာ လာမည့်နှစ်ပတ်ကျော်အတွင်း စတင်ဖြန့်ဖြူးသွားမည်ဟု ၎င်းတို့က ပြောသည်။

အဆိုပါ အောက်ဆီဂျင်ဖြည့်သွင်းပေးစက်ကို ပေ ၂ဝ ကွန်တိန်နာကားကြီးထဲထည့်ပြီး နေ့စဉ်လိုအပ်ချက်ရှိနေသည့် ရပ်ကွက်၊ မြို့နယ်များထဲသို့ပတ်၍ အခမဲ့ ထည့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ညပိုင်း၌ အဆိုပါယာဉ်ကို ဇေကမ္ဘာဝင်းထဲ ရပ်နားပြီး ဖြည့်ပေးသွားမည်ဖြစ်သည့်အပြင် ၂၄ နာရီနီးပါး လုပ်ဆောင်ပေးနိုင်ရန် စီစဉ်သွားမည်ဖြစ် ကြောင်း သိရသည်။

“စက်အသစ် 50Nm 3/h ဖြစ်တဲ့ 40L အလုံး ၂ဝဝ ကို နေ့စဉ်ထုတ်နိုင်တဲ့ပမာဏအတွက် ကျသင့်ငွေ သိန်း ၁ ထောင်ဝန်းကျင် ( USD 60000 အောက်) လောက်နဲ့ရသလို အမြန်ဆုံး ၁၇ ရက်နေ့မှာ သင်္ဘောတင် ပေးနိုင်ပါမယ်။ ရန်ကုန်ရောက်တဲ့အချိန်က နောက်လ ပထမအပတ်မှာတင် စရောက်ပြီး စတင်ဖြန့်ဖြူးနိုင်ပါလိမ့်မယ်” ဟု ဦးဇေသီဟက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြထားသည်။

၎င်းတို့အနေဖြင့် 50Nm3/h Medical Oxygen Plant အတွက် ဇေကမ္ဘာစက်မှုဇုံထဲက KTK Electrical Engineering Co.,Ltd နှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံမှ မှာယူခဲ့ပြီးဖြစ်ပြီး အောက်ဆီဂျင်စက်ရုံ ဝယ်ယူ လှူဒါန်းလိုသူများအနေဖြင့် ဈေးကွက်ကို သေချာ လေ့လာစုံစမ်းစေလိုကြောင်း ဦးဇေသီဟမှ အကြံပြုထားသည်။

လက်ရှိအနေအထားအရ အမြန်ဆုံးနဲ့ လူတွေ ပိုပြီးအကျိုးရှိစေမယ့်အချက်ကို အဓိကထားလုပ်ဆောင်လျက်ရှိပြီး နောက်ထပ် ခြေလှမ်းတွေအတွက်လည်း ကြိုးစားလျက်ရှိသလို အမြန်ဆုံးရောက်အောင် ကြိုးစားနေသော်လည်း ယခုမှစတင်ခြင်းဖြစ်သည့်အတွက် စောင့်ဆိုင်းနေရသည်ကို အားနာမိပါကြောင်း၊ ပြည်သူအားလုံး စိတ်မလျော့ကြစေလိုကြောင်း သရုပ်ဆောင် နန္ဒာလှိုင်က အားပေးစကားဆိုထားသည်။

နန္ဒာလှိုင်တို့ မိသားစုသည် အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်နေစဉ်အတွင်း ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင် အမှန်တကယ်လိုအပ်ပြီး ငွေကြေးမတတ်နိုင်သည့်သူများအတွက် ရွှေ့ပြောင်းလွယ် Oxygen Concentrator များကို အခမဲ့ငှားပေးလျက်ရှိသည့်အပြင် နန္ဒာလှိုင်၏ ညီမနှင့် မောင်ဖြစ်သူ ဒေါက်တာ မြတ်စံပယ်လှိုင်နှင့် ဒေါက် တာစိန်ဖြိုးလှိုင်တို့သည် ဖုန်းမှတဆင့် ကိုဗစ်ကုသရေးအတွက်အကြံပေးလျက်ရှိသည်။

Credit

Add a Comment

Your email address will not be published. Required fields are marked *