ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ကုန်ကျနိုင် ည့် ရွေ့လျားအောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်ရန်အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းကြီးက စီစဉ်နေပြီဟုသိရှိရ
|လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် (၁၉) ရောဂါ တတိယလှိုင်းတွင်အောက်ဆီဂျင် လိုအပ်ချက်များ များပြားလာသည့်အတွက်ရွေ့လျားအောက်ဆီဂျင်ထုတ်စက်ရုံပုံစံတည်ဆောက်နိုင်ရန်စီစဉ်နေကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းမှသိရသည်။ ရန်ကုန်မြို့တွင်ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ကုန်ကျမည့် အောက်ဆီဂျင်ထုတ်စက်ရုံ
တည်ဆောက်ရန်အတွက်ဝေဠုကျော်ဖောင်ဒေးရှင်းကစီစဉ်နေပြီးဖောင်ဒေးရှင်းကကျပ်သိန်း ၁၀၀ မတည်ပေးမည်ဖြစ်ကြောင်းသိရသည်။ မြန်မာပြည်မှာအခုလက်ရှိဖြစ်ပွားနေတဲ့ကိုဗစ်တတိယလှိုင်းပိုးကအောက်ဆီဂျင် အဓိကလိုအပ်လာပါတယ်။ တရက်ထက်တရက်လူနာတွေတိုးလာတာနဲ့အမျှအောက်ဆီဂျင်လိုအပ်ချက်က
မနိုင်မနင်းဖြစ်လာပါပြီ။ အောက်ဆီဂျင်အိုးတွေရလာတော့လည်းလေဖြည့်တဲ့နေရာတွေမှာအချိန်အကြာကြီးတန်းစီရပါတယ်။ မြို့တိုင်းမှာလည်းအောက်ဆီဂျင်ထုတ် စက်ရုံတွေတည်ဆောက်ဖို့ ပြင်လာကြပါပြီ။ ကျွန်တော်တို့ရန်ကုန်မြို့အတွက်လည်းအောက်ဆီဂျင် စက်ရုံများတည်ဆောက်ဖို့လိုအပ်လာပါပြီ။ ကျွန်တော်တို့ဖောင်ဒေးရှင်းမှ
မတည်သိန်းတစ်ရာကျပ်နှင့်အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့အလှူခံပါရစေ။ “သိန်း ၁၅၀၀ တန်လောက် မှန်းဆပြီးအလှူခံပါမယ်။ လောလောဆယ်တော့ ကုမ္ပဏီနဲ့ချိတ်ဆက်နေပါတယ်။ မှန်းထားတာကမိုဘိုင်းရွေ့လျားပုံစံတည်ဆောက်ဖို့ပါ။ အဆင်မပြေမှမြေပြင်စက်ရုံတည်ဆောက်
ပါမယ်”ဟု ဝေဠုကျော်ဖောင်ဒေးရှင်း၏လူမှုကွန်ရက်စာမျက်နှာတွှင် ရေးသားထားသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
ခရက်ဒစ်