ဆေးဝယ် မရသူ များ သေခြာဝင်ဖတ် ပါ ကိုဗစ်ဟာ ဘာဆေးမှ သောက်လို့ မပျောက် ပါ။ အဲ့ အချက် ကို မမေ့ ပါနဲ့
|ပါရာစီတမော၊ စီဗစ် မသောက်ရလို့ မသေပါဘူး။
သေချာပြောပါမယ်။ အဲ့ဆေးတွေ မသောက်ရလို့ ဝယ်မရလို့ ငါတော့ သေပါပြီမထင်ပါနဲ့။
ပါရာစီတမောက ခေတ္တခဏ အဖျားကျ ချွေးထွက်စေတာပါ။ ခဏ အပူကျပြီး အကိုက်အခဲ သက်သာစေတာပါ။ ဘယ်ရောဂါကိုမှ အမြစ်ပြတ် မပျောက်စေပါဘူး။
သာမာန်ဖျားဖျား၊ ကိုဗစ်ဖျားဖျား ပါရာစီတမော သောက်လို့ အဖျားပျောက်တာမဟုတ်ပါ။
ခန္ဓာကိုယ်က ပိုးကိုတိုက်ထုတ်နိုင်ချိန်မှာမှ ပျောက်တာပါ။
မသောက်ရရင် နည်းနည်းပိုခံရမယ်၊ ဒီလောက်ပါပဲ။
အပူအရမ်းကြီးရင် အိပ်နေရင်း ကယောင်ကတမ်းပြောရင် ရေပတ်တိုက်ပါ၊ နှဖူးကိုရေပတ်တင်ပါ၊ ချိုင်းကြား ရေပတ်တိုက်ပါ။
စီဗစ်က ကိုယ်ခံအားအတွက် လိုအပ်တဲ့ ဗီတာမင်စီ ထည့်ပေးတာပါ။
စီဗစ်မရှိရင် သံပုရာရည်သောက်လို့ရပါတယ်၊ နာနတ်သီးဖျော်ရည်သောက်လို့ရပါတယ်၊ ချဉ်တဲ့အသီးအနှံတွေမှာ ဗီတာမင်စီ အများစုပါပါတယ်။
စီဗစ်မသောက်ရလို့ သေမှာလဲ မဟုတ်ပါ၊ စီဗစ်သောက်ရလို့လဲ သေချာပျောက်မယ်လို့ အာမခံလို့မရပါ။
ဆေးဝယ်မရလို့ ဒုက္ခတွေများနေကြလို့ပြောတာ။
Dexa, prednisolone တွေ ပိုဆိုးပါတယ်။ ဆရာဝန်မညွှန်ဘဲ စွတ်မသောက်ပါနဲ့။ steroid တွေရဲ့နောက်ဆက်တွဲက ပိုပြဿနာကြီးပါတယ်။ ကိုဗစ် အလိုလိုပျောက်နိုင်ရဲ့သားနဲ့မှ ဆေးကြောင့်ကွိုင်တက်နေမယ်။
ကိုဗစ်ဟာ ဘာဆေးမှ သောက်လို့ မပျောက်ပါ။ အဲ့အချက်ကို မမေ့ပါနဲ့။
ပါရာစီတမော၊ စီဗစ် မသောက်ရလို့ မသေပါဘူး။