အောက်ဆီဂျင် ဝယ်ယူရန် အတွက် အလှူငွေ (၁၀) သိန်း ပါဝင် လှူဒါန်းခဲ့ တဲ့ အုပ်စိုးခန့်

Covid – 19 ရောဂါ ကူးစက်မှုနှုန်းတွေက မြန်မာနိုင်ငံမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများလာတာကို တွေ့ရပါတယ် ။ သေဆုံးသူတွေ ဆိုရင်လည်း နေရာတိုင်း နေ့တိုင်းလိုလိုဖြစ်နေရာ အဓိကကတော့ အောက်ဆီဂျင် အလုံအလောက် မရတာတွေကြောင့် အသက်တွေ ဆုံးရှုံးနေရတာပါ ။

ဒါကြောင့် ပြည်သူတွေ စုပေါင်းပြီး အောက်ဆီဂျင် အိုးများ လှူဒါန်းပေးကာ ကူညီပေးနေကြတာပါ ။ ပရဟိတ အသင်းတွေကလည်း နေ့ရော ညရော အောက်ဆီဂျင်တွေ တတ်နိုင်သလောက် ဖြည့်ကူပေးနေတာတွေ့ရပါတယ် ။ ဒါ့အပြင် အနုပညာရှင်တွေပါ ဝိုင်းဝန်းကူညီကာ အောက်ဆီဂျင် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပါ ။

အခုလည်း အုပ်စိုးခန့်က Clean Yangon ကို အောက်ဆီဂျင် ဝယ်ယူရန်အတွက် အလှူငွေ (၁၀) သိန်း ပါဝင်လှူဒါန်းခဲ့ပါတယ် ။ အလှူနဲ့ ပတ်သက်ပြီး ” ကျနော်ဒီနေ့ Clean Yangon မှာ oxygen အတွက် ငွေသား ( ၁၀သိန်းကျပ် ) လှူလိုက်တယ် အားလုံးအဆင်ပြေချောမွေ့ကြပါစေ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Oak Soe Khant

Add a Comment

Your email address will not be published. Required fields are marked *