ပရဟိတ အသင်းကားတွေ ရစရာ မ ရှိအောင် ဖျက်စီးတာခံရ
|ပရဟိတ အသင်းကားတွေ ရစရာမရှိအောင် ဖျက်စီးတာခံရပေမယ့် ပြည်သူတွေနဲ့ ရပ်တည်ပြီး ပြတ်ပြတ်သားသား ပြောလာခဲ့တဲ့ အသင်းသားတစ်ဦး
ပြည်သူတွေအတွက် ကိုယ်ကျိုးမငဲ့ဘဲ အချိန်မရွေးကူညီလုပ်ကိုင်ပေးနေတဲ့ သူတွေကတော့ ပရဟိတသမားတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုဖြစ်ပွားမှု စတင်လာခဲ့တဲ့အချိန်လေးမှာလည်း
ပိုးတွေ့လူနာတွေနဲ့ ရောဂါကြောင့်သေဆုံးလူနာတွေကို
နေ့မနားညမနား အားကြိုးမာန်တက် ကျန်းမာရေး ဝန်ထမ်းများနဲ့အတူ ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီလှုပ်ရှားမှုကာလလေးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကိုလည်း
ကူညီစောင့်ရှောက်ပေးခဲ့သေးပါတယ်။
ဒီလို အများအကျိုးအတွက် ကိုယ့်အကျိုးကိုငဲ့ပြီး စေတနာအပြည့်နဲ့ ကူညီလုပ်ကိုင်ပေးခဲ့တဲ့
ပရဟိတသမားတွေကို အာဏာရှင်လူတစ်စုက ရိုက်နှက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ကယားစစ်ရှောင်စခန်းတွေအတွက်
စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းပေးတဲ့ ပရဟိတကားတွေကို မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။
ယခုမှာလည်း ကိုဗစ်လူနာတွေအတွက် နေ့မနားညမနားလုပ်ကိုင်ပေးနေတဲ့အချိန်မှာ
ပရဟိတအသင်းတစ်သင်းရဲ့ Ambulance ကားတွေကို အာဏာရှင်လူတစ်စုက
ဖျက်စီးသွားခဲ့တဲ့ပုံရိပ်တွေကို ပရဟိတသမားတစ်ယောက်က
လူမှုကွန်ယက်မှာ အကြောင်းစုံနဲ့ဖော်ပြလာခဲ့ပါတယ်။
အသင်းကားတွေ ဖျက်စီးခံလိုက်ရတဲ့ ဖြစ်စဉ်မှာ အာဏာရှင်လူတစ်စုက
၎င်းတို့လက်အောက်မှာအတူတွဲလုပ်ဖို့ လာရောက်ပြောဆိုပြီး
အသင်းကလက်မခံခဲ့တာကြောင့် ရုံးမှာရှိတဲ့ Ambulance ကားတွေကို ဖျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
ဖျက်စီးခံလိုက်ရတဲ့ Ambulance ကားတွေဟာ ရစရာမရှိလောက်အောင် ပျက်စီးသွားခဲ့တဲ့ မြင်ကွင်းတွေကတော့
တကယ့်ကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ကားတွေဖျက်စီးခံရတာတွေနဲ့ ပတ်သက်ပြီး ပရဟိတသမားတစ်ယောက်ရဲ့
ပြတ်ပြတ်သားသား ပြောခဲ့တာကိုလည်း ပြန်လည်ဖတ်ရှုလို့ရအောင် ဖော်ပြပေးထားပါတယ်။