ရင်နာစရာကောင်းလွန်းတဲ့ ပြည်သူတွေရဲ့ လက်ရှိအခြေအနေတွေကြောင့် အောက်ဆီဂျင်အိုးတွေ လှူဒါန်းသွားမယ့် မေကဗျာ

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ Covid 19 ရောဂါဟာ တတိယလှိုင်းအဖြစ် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို နှုတ်ယူနေပြီး အောက်ဆီဂျင်မလုံလောက်တာတွေကြောင့်လည်း မသေသင့်ဘဲ သေဆုံးနေကြရတာ ဖြစ်ပါတယ်..။

အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရသူတွေအတွက် တချို့သောပြည်သူတွေဟာ အချင်းချင်း ဖေးမကူညီနေကြပြီး အနုပညာရှင်တွေနဲ့ ငွေကြေးတတ်နိုင်သူတွေကလည်း ပါဝင်ကူညီလာကြတာ တွေ့ရပါတယ်..။

သရုပ်ဆောင်မင်းသမီးချော မေကဗျာကလည်း သူမရဲ့မိတ်ဆွေတွေနဲ့အတူ ပြည်သူတွေလိုအပ်နေတဲ့ အောက်ဆီဂျင်အိုးတွေကို ရသလောက် ဝယ်ယူလှူဒါန်းသွားမယ်လို့ သိရပါတယ်..။

လတ်တလောမှာတော့ (၁၀)အိုး လှူဒါန်းမှာဖြစ်ပြီး မှာလို့ရသလောက် အရင်မှာထားကာ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေကို ဦးစွာပို့ပေးသွားမှာ ဖြစ်ကာ ပြည်သူတွေကို ကျန်းမာရေးဂရုစိုက်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ကိုလည်း မေကဗျာက အားပေးစကားပြောထားပါသေးတယ်..။

“မနှစ်ကတော့ အလုပ်ကောင်းတော့လှူနိုင်တယ် ကဗျာ့လုပ်ငန်းရှင်တွေနှင့်အတူ

ဒီနှစ်တော့အများကြီးလှူချင်ပေမဲ့ အလှူလည်းမခံချင်လို့ ကဗျာတို့ Roseprincess ပန်းထိုးမိသားစုမှ ပြည်သူတွေလိုအပ်နေတဲ့ အောင်စီဂျင် ၁၀ အိုးတော့ကဗျာလှူပါမယ် ခုတော့ရသလောက်အရင်မှာထားပါတယ် ရတာနဲ့ လိုအပ်နေတဲ့နေရာတွေအရင်ပို့ပေးပါမယ်နော်

ထပ်ရရင်လည်းသလို လှူပေးပါမယ်နော်

အားလုံးလည်း ဂရုစိုက်စေချင်ပါတယ်

မပေါ့ဆပါနဲ့ ကံဆိုပေမယ့်လည်း အသိညာဏ်လေးနဲ့သတိထားရင် အားလုံးကျန်းမာလာမှာပါနော်

စ်တ်ဓာတ်မကျပါနဲ့နော် အတူတူကျော်ဖြတ်ကြတာ

ပေါ့💪💪💪..” ဆိုပြီး မေကဗျာက သူမရဲ့အလှူနဲ့ ပတ်သက်ပြီး အသိပေးဝေမျှထားတာ ဖြစ်ပါတယ်..။

လိုအပ်ပြီး ခက်ခဲနေကြတဲ့အချိန်မှာ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြသူတွေရဲ့ အသက်တွေကယ်တင်နိုင်ဖို့ ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိတာကြောင့် အားလုံးအတူ တတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းရင်း သတင်းကောင်းတွေ တင်ဆက်ပေးလိုက်ပါတယ်နော်..။

သတင်းအရင်းမြစ်: May Kabyar’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *