ကြက်သွန်နီ တန်ခိုး သို့မဟုတ် ၁၉၁၉ ခုနှစ်က ဆရာဝန်တစ်ဦးရေးထား တဲ့ မှတ်တမ်း

ကြက်သွန်နီတန်ခိုး

ဒီအကြောင်းဟာ ၁၉၁၉ ခုနှစ်က ဆရာဝန်တစ်ဦးရေးထားတဲ့ မှတ်တမ်းကို ပြန်လည်ပြီးတော့ ဗဟုသုတ အနေနဲ့ ဖော်ပြပေးတာပါ။

၁၉၁၈ ခုနှစ်က စပိန်တုပ်ကွေး (Spanish Flu) ဆိုတာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက ဗိုင်းရပ်စ်ကိုတော့ H1N1 Influenza A ဗိုင်းရပ်စ်လို့ သတ်မှတ်ကြတယ်။ ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီလောက်ကတည်းက စဖြစ်လိုက်တာ ၁၉၂၀ ဧပြီလလောက်အထိ ကြာသွားတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

တစ်ကမ္ဘာလုံး လူသန်းပေါင်း ၅၀၀ လောက် ကူးစက်ခံရတယ်။ သေဆုံးတဲ့ ဦးရေကလည်း ၁၇ သန်းကနေ သန်း ၅၀ လောက်အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

၁၉၁၉ ခုနှစ်ကဖြစ်ပါတယ်။ ကျေးရွာလေးတစ်ရွာမှာ ဆရာဝန်တစ်ယောက်ဟာ ရောဂါဖြစ်ပွားနေတဲ့သူတွေကို ကုသပေးဖို့ တစ်အိမ်တက်ဆင်း လိုက်ကြည့်ပါတယ်။

ကျေးရွာထဲမှာ အိမ်တိုင်းလိုလို တုပ်ကွေးတွေဖြစ်ကြ တယ်။ ဆရာဝန်နဲ့အဖွဲ့လည်း လိုက်မေး၊ လိုက်ကုပေးနေရာက တစ်အိမ်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်ကို သွားတွေ့လိုက်ရတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အဲဒီအိမ်က မိသားစုဝင်တွေ တစ်ယောက်မှာ တုပ်ကွေးမဖြစ်ဘူး။ အားလုံးကို ကျန်းကျန်းမာမာနဲ့တွေ့ရလို့ အံ့အားသင့်သွားတယ်။ ဆရာဝန်က မေးတယ်

“ခင်ဗျားတို့ မိသားစုဝင်တွေ အားလုံး ကျန်းမာနေကြပါလား … ဘာဆေးတွေများစားသလဲ … ဘယ်လို ကာကွယ် နေထိုင်ကြသလဲ”

လယ်သူမကြီးက ပြောတယ်

“ဘာဆေးမှ မစားပေါင်တော် … တစ်အိမ်လုံးမှာ ကြက်သွန်နီတွေခွာပြီး ပန်းကန်ထဲထည့်ထားလိုက်တာပဲ” တဲ့

ဆရာဝန်ကလည်း သူ့အိမ်မှာ လိုက်ကြည့်တော့ ဟုတ်နေတယ်။ အခန်းတိုင်း လိုလိုမှာ ပန်းကန်ပြားထဲကို ကြက်သွန်နီ ဥတွေ အကွင်းလိုက်လှီးထည့်ထားတာတွေ့နေရတယ်။

ဆရာဝန်လည်း အံ့အားသင့်ပြီး ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ဒါနဲ့ သူက ကြက်သွန်နီပန်းကန်ကို ယူသွားပြီး မိုက်ခရိုစကုတ်အောက်မှာ ကြည့်လိုက်တယ်။ အဲဒီအိမ်က ယူလာတဲ့ ကြက်သွန်နီတွေထဲမှာ ဗို င်းရပ်စ်တွေေ သ နေတာ တွေ့ရလိုက်ရတယ်။

ကြက်သွန်နီက စပိန်တုပ်ကွေးကိုေ သ စေတယ်ဆိုတာ အဆန်းပဲဆိုပြီး လိုက်သုတေသန လုပ်ကြည့်တယ်။

ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာလည်း ဒီအတိုင်းပဲ။ တစ်ဆိုင်လုံး ကြက်သွန်နီတွေကို ပန်းကန်တွေထဲမှာ လှီးပြီးထည့် ထားတာကို တွေ့လိုက်ရလို့ မေးကြည့်တယ်။

“ဆိုင်ကို လူပေါင်းစုံလာနေတာမဟုတ်လား … ဒါကြောင့် ကာကွယ်ထားတာ” တဲ့

သူ့ဆိုင်က ဝန်ထမ်းတွေလည်း ထူးဆန်းစွာ တစ်ယောက်မှ စပိန်တုပ်ကွေး မသင့်ပါတဲ့။

အဲဒါ ၁၉၁၉ လောက်က ဖြစ်သွားတဲ့ ထူးဆန်းသော ကမ္ဘာကပ်ရောဂါကို ကျေးလက်က ပြည်သူတွေ ထူးဆန်းစွာ တုံ့ပြန်ပုံလေးတွေပါ။

တိုက်ဆိုင်လား မတိုက်ဆိုင်လားတော့ မသိပါဘူး။ ဒီအကြောင်းအရာလေးကို ဖတ်လိုက်ရလို့ မိတ်ဆွေတွေကို မျှဝေတာ။ ကျွန်တော်ဆိုရင်လည်း ထမင်းစားတိုင်း ကြက်သွန်နီတစ်ဥလောက်ကို ကိုက်စားနိုင်အောင် ကြိုးစား လာတာ ကြာပါပြီ။

]

အဲဒါကြောင့် ရောဂါမဖြစ်တာလို့ မပြောနိုင်ပါဘူး။ ဒီမနက် ဖတ်လိုက်ရတာနဲ့ တိုက်ဆိုင်လို့ ရေးပြတာပါ။

ဗိုင်းရပ်စ်ပျောက်တာ မပျောက်တာတော့မသိဘူး၊ ကြက်သွန်နီစားရင် ဆီးရွှင်တာတော့ ကိုယ်တွေ့ပါဗျား။

(Ref: USA Today)

တင်ညွန့်

၁၈.၉.၂၀၂၀

Add a Comment

Your email address will not be published. Required fields are marked *