သေရင်လည်းသေလိုက်ပါတော့လို့ အော်ငိုရတဲ့ အထိ ကိုဗစ်ရောဂါကို အလူးအလဲ အံတုခံစားနေရ တဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ မေမီကိုကို
|MRTV-4 ရဲ့ သရုပ်ဆောင်မင်းသမီးချော မေမီကိုကိုကနော့ လက်ရှိမှာ Covid 19 ရောဂါ ကူးစက်ခံစားနေရတယ်လို့ သိရပါတယ်..။
ရောဂါကူးစက်ခံရတာကြောင့် နေမကောင်းဖြစ်နေတာ (၁၀)ရက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ ဂရုစိုက်နေထိုင်စားသောက်နေရတာ ဖြစ်ပါတယ်..။
အဖျားဝင်ပြီး (၅)ရက်လောက် အစားမဝင်ခဲ့ပေမယ့် အနံ့စပျောက်တဲ့ နေ့ကတည်းက ကြိတ်မှိတ်စားသောက်နေပြီး ရောဂါကို အလူးအလဲခံစားရတဲ့ အကြောင်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှပြောပြလာပါတယ်..။
ကိုယ်အလေးချိန်လည်း ကျသွားခဲ့ရပြီး လက်ရှိမှာတော့ အနံ့ပြန်ရနေကာ ပရိသတ်တွေကိုလည်း စိတ်ဓာတ်မကျဖို့နဲ့ အစားများများစားပြီး ကျန်းမာအောင် နေကြဖို့ တိုက်တွန်းထားပါသေးတယ်..။
“ရက်ပေါင်း၁၀ရက်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ပါပြီ….စားတယ် ငိုတယ် အိပ်တယ်… ဒီသုံးမျိုးနဲ့ လည်ပတ်ခဲ့ပါတယ်…. စဖျားတုန်းက ၅ရက်လောက်အစားမဝင်ပါဘူး အနံ့စပျောက်တဲ့နေ့တည်းက သေမှာမကြောက်ပေမဲ့ သေသွားမှာ စိုးတာနဲ့ အကုန်ပါးစပ်ထဲ ထည့်ပါတယ်။
အရင်က ဝိတ်ထိန်းတဲ့အနေနဲ့ ငါးပိရည်နဲ့ မစားပါဘူး ခုဆို ငါးပိရည်တစ်မျိုးတည်းနဲ့ ထမင်းကိုတွယ်ပါတယ်… အစားလွန်ပြီး အိအိအအတွေ အော်ရတဲ့အထိစားမိပါတယ်. အခန်းထဲပိတ်ပြီးနေပါတယ်… လေဖြတ်ထားတဲ့အဖေ့ကို ကူးမှာစိုးလို့….အိပ်တာကလည်း တရားလွန်အိပ်ပစ်တယ်။
တချက်တချက်ကျရင် အသက်ရှုမရတော့လို့ လန့်ပြီး ငိုတယ်….ချောင်းတခါဆိုးရင် မေတ္တာပို့ပို့ပြီး အော်ငိုရတာလည်းအမော(ငါလေ သေလည်း မသေနိုင်သေးဘူး သေရင်လည်း သေလိုက်တော့)ဆိုပြီး …ငိုပြီးရင်အားသာချက်က ပွင့်ထွက်သွားတယ်စိတ်တွေ နေလို့ကောင်းသွားတယ်။
ကျွန်တော့်အတွက် တစ်ခုရှိတာက ဖျားနေတဲ့အတွင်း ကြက်ပြုတ်လည်း မလိုအပ်ခဲ့သလို ကြက်ဥလည်း မစားခဲ့ပါဘူး…. ဖျားရင် ဒါတွေသောက်ရမှာ ထုံးစံလိုဖြစ်ပေမဲ့ ကျွန်တော်မစားနိုင်ခဲ့ဘူး(စားမဝင်လို့)…. ထမင်းစားက အစာမကြေတာတော့ အနည်းငယ်ဖြစ်တာပေါ့….ဒါမဲ့ ကျွန်တော်ထမင်းပဲစားပါတယ်။
ကျွန်တော်ကိုဘေးနားမှာ ပြစုပေးတဲ့အစ်မနှစ်ယောက်ဆို အမြဲလက်ဆေးနေတော့ သူတို့ကို မကူးခဲ့ဘူး… သူတို့က သန်မာတဲ့သူတွေဘာပဲပြောပြောထပ်မှာချင်တာကတော့စားပါ….အရမ်းစားပါနော်….ပြီးတော့ ဆေးကိုလည်း ပတ်လည်အောင် သောက်ကြပါနော်…စိတ်ဓာတ်မကျပါနဲ့ Fighting ပါ။
ကျွန်တော့်ကို စိတ်ပူပေးကြတဲ့ သူတွေ အကုန်လုံးကို ကျေးဇူးမွချိပါလို့..” ဆိုပြီး မေမီကိုကိုက ပြောပြထားတာပါ..။
ပရိသတ်တွေကလည်း ကျန်းမာရေးမကောင်းတဲ့ သူမကို စိတ်ပူနေကြပြီး လက်ရှိမှာ အကောင်းဆုံးရင်ဆိုင်ဖြတ်သန်းနေတာကြောင့် အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
သတင်းအရင်းမြစ်: May Mi Ko Ko’s Fb Acc