လူတိုင်းအတ္တနည်းနည်း စီလျှော့ကြဖို့နဲ့ အချင်းချင်းစာနာစိတ်ထားကြဖို့ ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ သင်ဇာဝင့်ကျော်
|အောင်မြင်မှုတွေအခိုင်အမာနဲ့ ဆယ်စုနှစ်တစ်ခုကြာအနုပညာလမ်းကြောင်းပေါ်မှာရပ်တည်အောင်မြင်နေသလို မိန်းကလေးပရိသတ်တွေအပြင် ပုရိသပရိသတ်တွေပါဝန်းရံအားပေးကြတဲ့ သင်ဇာဝင့်ကျော်ကိုသိကြမယ်ထင်ပါတယ်နော်။
သင်ဇာဝင့်ကျော်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ပက်သက်ပြီး ပြည်သူတွေနဲ့အတူတသားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာလည်းဖြစ်ပြီး ပရိသတ်တွေအတွက်လည်း သတင်းအချက်အလက်တွေကို တတ်နိုင်သရွေ့မျှဝေပေးနေတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ပြည်တွင်းပြသနာအချို့နဲ့ပက်သက်ပြီးလည်း သင်ဇာဟာ သူမရဲ့ Facebookစာမျက်နှာမှာ အခုလိုရေးသားလာခဲ့ပါတယ်။
“လူတိုင်းအတ္တနည်းနည်းစီလျှော့လိုက်ကြရင်…..မနက်ဖြန်ပဲ ကမ္ဘာပျက်တော့မယ့်အတိုင်းတို့တိုင်းပြည်ကလူတွေ လုပ်လိုက်ရင် အလွန်အကျွံ့တွေချည်းဘဲ…ဂွေးတောက်ရွက်လည်း အငြိမ်မနေရ..အောက်စီမီတာလည်း တစ်အိမ်တစ်ခုဆောင်ထားချင်ကြတယ်..သာမန်အချိန် တစ်ခု ၂ သောင်းတန်လောက်က
၎ သောင်းကျော်ထိ ဖြစ်သွားတယ်..နောက်ထပ်တိုးက ငှက်သိုက်ပြဿနာ..သကြားကြောင့်ချွဲကျပ်ရင် အသေပိုမြန်တယ်ဆိုလို့ သကြားမပါငှက်သိုက်ပုလင်းက
ပလ္လင်ပေါ်ရောက်သွားတယ်..ရောင်းမသွက်ခဲ့လို့ ဖုန်တက်နေတဲ့ မှန်ဘီဒိုအောက်ထပ်ကဟာတွေပါ ကုန်သွားတယ်…ပိုက်ဆံတတ်နိုင်သူတွေ အားပေးလိုက်ကြတာ…..။
ခုလာပြန်ပြီ ကြက်ဥ..မပုပ်တော့မယ့်အတိုင်းပဲ ..တစ်ချို့များ ဝယ်နေလိုက်တာ တစ်သက်စာများ ဝယ်စုသလားမှတ်ရတယ်..တကယ်က အကြောက်လွန် အစိုးရိမ်လွန်ပြီး ဝယ်လိုအားလွန်ကဲသွားရတာပါ….တနည်းပြောရရင် အတ္တစိတ် များသွားတယ်…ကဒ်၂၀ တစ်ပတ်ရောင်းအားရှိတဲ့ဆိုင်မှာ ၂၀ ပဲ သူမှာထားတယ်..
ဝယ်သူက ငွေကြေးတတ်နိုင်တော့ ၁၀ ကဒ်ဝယ်သွားမယ်…နောက်တစ်ယောက်လာဝယ်တယ် ..၅ ကဒ်ပဲထားဦး..ဒီလိုနဲ့ အဲလိုလူတွေ ဆုံမိသွားရင် ကြက်ဥ ကုန်ပါပြီပေါ့ဗျာ..တစ်နေ့လုပ်တစ်နေ့စား ငွေကြေးချို့တဲ့သမားလေး ၂ ဥ လောက်ဝယ်ချင်တာကို မရနိုင်တော့ဘူး..
အရောင်းသွက်တော့ကုန်..ထပ်ရောက်လာတော့ ဈေးထပ်တက်..အရင် တစ်လုံး ကျပ်၈၀ တန်က၁၂၀ တွေဖြစ်ကုန်ရော..ကြက်ဥမပြောနဲ့..
ကြိုက်တဲ့ပစ္စည်းတစ်မျိုးမျိုးကို လူတိုင်း စုပြုံဝယ်ကြည့်လိုက်..ပြတ်လပ်မသွားရင် ဈေးတက်မသွားရင် ကြိုက်တာပြော..စိတ်မကျေနပ်သေးရင် ပါးသာလာရိုက်လှည့်..ဒါကိုဖြေရှင်းနိုင်ဖို့ နည်းလမ်းတော့ရှိတယ်..လူတိုင်း တခြားသူတွေအပေါ် စာနာစိတ်ထားပေးပြီး ကိုယ့်အတ္တကို နဲနဲစီ လျှော့ချလိုက်ကြဖို့ပါပဲ….” ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Thin Zar Wint Kyaw’s Facebook acc
Crd-myanmarload