PPE ဝတ်ဆင်ပြီး အောက်ဆီဂျင် လို အပ်နေ တဲ့ လူနာရဲ့အိမ်တွေ ကို အောက် ဆီဂျင် လိုက်ဖြည့်ပေး ခဲ့ တဲ့ အဆိုတော် G fatt
|ပရိသတ်ကြီးရေ g fatt ကတော့ လူငယ်ယောကျာ်းလေးတွေနဲ့ လူငယ်မိန်းကလေးတွေရဲ့ အသည်းကို ချုပ်ကိုင်ထားသူကြီးပါနော် သူရဲ့သီချင်းအေးအေးတွေ သီချင်းမြူးမြူးတွေဟာ ဆိုရင် ပရိသတ်ရဲ့ အကြိုက်မတွေ့ဘူးဆိုတာ မရှိသလောက်ကို ရှားခဲ့ပါတယ်
လက်တွေ့ကျကျ ခံစားချက်အစစ်အမှန်နဲ့ ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့အတွက်ကြောင့် ပရိသတ်အင်အား တောင့်တင်း နေတာပဲဖြစ်ပါတယ်
ဒါ့အပြင် နွေဦးတော်လှန်ရေး မှာလည်း ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်
အခုလို မြန်မာနိုင်ငံမှာ ကိုဗစ်တွေ ပျံ့ပွားလာတဲ့အချိန်မှာလည်း တခြားအနုပညာရှင်တွေနဲ့မတူဘဲ PPE ဝတ်ဆင်ကာ
လူနာတွေဆီကို ကိုယ်တိုင်ကိုယ်ကျ အောက်ဆီဂျင်လိုက်ဖြည့်ပေးနေတဲ့ စေတနာဝန်ထမ်းလေး ဖြစ်နေပါပြီ
ဒါကြောင့်လဲ သူရဲ့ပရိသတ်တွေဟာ အားပးရကျိုးနပ်တယ် စိတ်ထားကောင်းတယ် ဆိုပြီး G fatt ကိုချီးကျူးနေကြတာပဲ ဖြစ်ပါတယ်
ကျွန်တော်တို့ ပေါ်ပင်ဇုံကလဲ ကို G fatt အပါအဝင် တခြားသော စေတနာ့ ဝန်တမ်း ညီအကိုမောင်မယ်များနှင့် ပရဟိတအကျိုးဆောင်များကို ကျေးဇူးအထူးတင်ရှိကာ ကျန်းမာစေဖို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ