UNHCR ယာဥ္တန္း သည္ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕သို႔ ယေန႔ (၁၉.၀၇.၂၀၂၁) တြင္ ေရာက္ရွိခဲ့

မနက္ျဖန္မွစ၍ ရက္သတၱပတ္လုံး UNHCRသည္ COVID-19 ကာကြယ္ေရးအတြက္ တကိုယ္ေရသုံး အကာအကြယ္ ပစၥည္းကိရိယာမ်ားအပါအဝင္၊ အစားအစာမဟုတ္သည့္ ပစၥည္းမ်ားအနက္မွ တာေပၚလင္မ်ား၊ ျခင္ေထာင္မ်ား၊ ဖ်ာမ်ား၊ ေစာင္မ်ား၊ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား၊ ေနေရာင္ျခည္စြမ္းအင္သုံး မီးအိမ္မ်ားကို ကူညီ ေထာက္ပံ့ျဖန႔္ျဖဴးသြားမည္ ျဖစ္ပါသည္။ လိုအပ္ေသာ ကူညီေထာက္ပံ့မႈမ်ားမွ လူဉီးေရ ၅,၀၀၀ (အိမ္ေထာင္စု ေပါင္း ၁,၀၀၀)အထိ အက်ိဳးခံစားရမည္ဟု ေမွ်ာ္လင့္ရပါသည္။

ကြၽႏ္ုပ္တို႔၏ လုပ္ေဆာင္မႈသည္ လူသားခ်င္းစာနာေထာက္ထားေသာ၊ ဘက္မလိုက္ေသာ၊ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီလိုအပ္ေနသူမ်ားအေပၚ အေျချပဳေသာ လုပ္ငန္းစဥ္ သပ္သပ္ ျဖစ္ပါသည္။ ျဖန႔္ေဝမႈမ်ားကို UNHCR ဝန္ထမ္းမ်ားႏွင့္ ယုံၾကည္စိတ္ခ်ရေသာ မိတ္ဖက္အဖြဲ႕အစည္းမ်ားမွ အကူအညီလိုအပ္ေနသူ တစ္ဦးခ်င္းႏွင့္ ရပ္႐ြာလူထုသို႔ လႊဲေျပာင္းေပးအပ္မည္ ျဖစ္ပါသည္။

ထိုသို႔ ေဆာင္႐ြက္ေနစဥ္ UNHCRမွ ၎တို႔၏ လိုအပ္ခ်က္မ်ားႏွင့္ စိုးရိမ္မႈမ်ားကို ပိုမိုသိရွိနားလည္ႏိုင္ေရးအတြက္ ရပ္႐ြာလူထုမ်ား၊ ဘာသာေရးအုပ္စုမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံပါမည္။ ကြၽႏ္ုပ္တို႔သည္ ခ်င္းျပည္နယ္ႏွင့္ ႏိုင္ငံအဝွမ္းရွိ အဓိကက်ေသာ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီ လိုအပ္ေနသူမ်ားထံ အေထာက္အပံ့မ်ား ေပးအပ္ရန္ ကတိျပဳပါသည္။

unicode

မနက်ဖြန်မှစ၍ ရက်သတ္တပတ်လုံး UNHCRသည် COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင်၊ အစားအစာမဟုတ်သည့် ပစ္စည်းများအနက်မှ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမည် ဖြစ်ပါသည်။ လိုအပ်သော ကူညီထောက်ပံ့မှုများမှ လူဉီးရေ ၅,၀၀၀ (အိမ်ထောင်စု ပေါင်း ၁,၀၀၀)အထိ အကျိုးခံစားရမည်ဟု မျှော်လင့်ရပါသည်။

ကျွန်ုပ်တို့၏ လုပ်ဆောင်မှုသည် လူသားချင်းစာနာထောက်ထားသော၊ ဘက်မလိုက်သော၊ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူများအပေါ် အခြေပြုသော လုပ်ငန်းစဉ် သပ်သပ် ဖြစ်ပါသည်။ ဖြန့်ဝေမှုများကို UNHCR ဝန်ထမ်းများနှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီလိုအပ်နေသူ တစ်ဦးချင်းနှင့် ရပ်ရွာလူထုသို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်နေစဉ် UNHCRမှ ၎င်းတို့၏ လိုအပ်ချက်များနှင့် စိုးရိမ်မှုများကို ပိုမိုသိရှိနားလည်နိုင်ရေးအတွက် ရပ်ရွာလူထုများ၊ ဘာသာရေးအုပ်စုများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပါမည်။ ကျွန်ုပ်တို့သည် ချင်းပြည်နယ်နှင့် နိုင်ငံအဝှမ်းရှိ အဓိကကျသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူများထံ အထောက်အပံ့များ ပေးအပ်ရန် ကတိပြုပါသည်။

Add a Comment

Your email address will not be published. Required fields are marked *