အလံဝါလေးပြန်သိမ်းထားပြီး အဘွားတစ်ယောက် ပဲ စိပ်ပုတီးလေး ကိုင်ပြီးပြတင်းပေါက် မှာ မှီရပ်နေတော့

မနေ့ကတွေ့မိသမျှအလံဝါလေးတွေထောင်ထားတဲ့အိမ်တွေဆီဒီနေ့အထားခံမဲ့စားစရာအခြောက်အခြမ်းလေးတွေ သွားပို့ခဲ့ပါတယ် (သေချာလေး ပြောပြပေးချင်လို့စာလေးတော့ရှည်မှာမို့အဆုံးထိဖတ်ပေးဖို့ မေတ္တာရပ်ခံပါရစေနော်)

အလံဝါထောင်ထားတဲ့အိမ်လေးတွေကိုအများကြီး share ပေးထားကြတော့ကိုယ့်စိတ်ထဲဒီလောက်ဆို အိမ်တံခါးရှေ့ပစ္စည်းတွေပုံနေမှာပဲလို့ထင်လိုက်မိတာတကယ်ရောက်သွားတော့တိတ်တိတ်ဆိတ်ဆိတ်ခြောက်ခြောက်ကပ်ကပ်ပါပဲ

ပထမဆုံးသွားလှူတဲ့နေရာဆိုသွားရဝေးလို့ထင်ပါရဲ့တစ်ယောက်စနှစ်ယောက်စသာလာကြတယ်တဲ့အရင်ဆုံးသွားခဲ့တဲ့အိမ်လေးကအလံဝါလေးပြန်သိမ်းထားပြီးအဘွားတစ်ယောက်ပဲစိပ်ပုတီးလေးကိုင်ပြီးပြတင်းပေါက်မှာမီရပ်နေတော့ကိုယ်လည်းဒီအိမ်ပဲ ဖြစ်မှာပါဆိုပြီးမှန်းပြီးတက်သွားလိုက်တာ
အဘွားကထွက်ကြိုရှာတယ်

အဘိုးကတော့ကွပ်ပျစ်ပေါ်လေးမှာလဲပြီးတော်တော်လေးမောနေရှာတာအောက်စီဂျင်လည်းမရှိ၊ အောက်စီဂျင်တိုင်းဖို့ စက်လည်းမရှိခေါင်းရင်းမှာ ရှားစောင်းပင်လေးတစ်အိုးပဲထားထားတာတွေ့တော့ စိတ်မကောင်းလိုက်တာ😞😞

အဘွားသမီးစားစရာလေးတွေလာကူညီပေးတာပါအလံလေးပြန်သိမ်းထားတော့ ဆေးကုဖို့ ၊စားဖို့ အဆင်ပြေသွားပြီလားအဘွားဆိုတော့ကိုယ့်နားကပ်လာပြီးအသံတိုးတိုးလေးနဲ့မဟုတ်ပါဘူးသမီးရယ်

ရပ်ကွက်အုပ်ချုပ်ရေးမှူးကအလံကိုချက်ချင်းသိမ်းပေးပါဆိုပြီးခေါ်ပြောလို့သိမ်းထားရတာပါတဲ့အဲ့လိုသိမ်းခိုင်းပြီးသူတို့ကလိုတာကူညီပေးလားဆိုတော့ အလံပဲ သိမ်းခိုင်းတာ ဘာအကူညီမှ
မပေးပါဘူးတဲ့(ဘယ်သူမှလည်းမပြောရဲဘူး
သူတို့ကြောက်လို့ပါတဲ့)

အိမ်နီးနားချင်းတွေဆီကလိုတာလေးတွေအကူညီတောင်းပြီးနေနေရတဲ့အဘိုးနဲ့အဘွားအတွက်ကိုယ်တတ်နိုင်သလောက် စားစရာလေးတွေရယ် ၊ အဘိုးဆေးခန်းသွားဖို့အလှူငွေ၁၅၀၀၀ရယ်ပဲလှူခဲ့ရပါသေးတယ်

အောက်စီဂျင်တိုင်းတဲ့ စက်လေး သမီးအလှူခံပေး
ပြီးထပ်လာခဲ့ပါမယ်ဆိုတော့မျည်ရည်လေးတွေဝဲပြီး ကျေးဇူး အထပ်ထပ်တင်ရင်းကျန်နေခဲ့ရှာတာ

ဒုတိယအိမ်လေးကအဘိုးကိုတော့အသက်မမီတော့ဘဲdeadbodyနဲ့ပဲတွေ့ရတယ်မနက်ကလေးတင်ဆုံးသွားတာပါတဲ့လာကူပေးတဲ့ သူတွေပေးတဲ့ မုန့်တွေများနေလို့တစ်ယောက်တည်းကျန်ခဲ့တဲ့ အဘွားကအနီးအနားကလူတွေပဲဝေပေးလိုက်ပါတော့ဆိုလို့အဘွားဆန္ဒအတိုင်းပြန်လှူပေးခဲ့ပါတယ်

နောက်ဆုံးအိမ်ကတော့ တစ်အိမ်သားလုံးPositive မို့တံခါးတွေအကုန်ပိတ်ပြီးအိမ်ရှေ့မှာခုံလေးတစ်လုံးပဲချထားလို့စားစရာလေးတွေခုံပေါ်ပဲတင်ပေးထားခဲ့ပါတယ်

အများကြီးမဟုတ်ပေမဲ့လေစာလေးတွေသေချာရေးပြီးကိုယ်တတ်နိုင်သလောက်ကူပေးခဲ့တဲ့အာဟာရဒါနလေးကြောင့်အားတက်ရ၊တစ်စိတ်တစ်ပိုင်းပျော်ရွှင်ရတယ်ဆိုရင်ပဲပင်ပန်းရကျိုးနပ်ပါပြီ♥

ရောက်ခဲ့တဲ့၃အိမ်လုံးမှာမှပထမဆုံးသွားခဲ့တဲ့အဘိုးအဘွား၂ယောက်တည်းရှိတဲ့အိမ်လေးကတော့တော်တော်လေးချို့တဲ့ပြီးအဆင်မပြေဖြစ်နေလို့အစားအသောက်လေးတွေ ဆေးလေးတွေ ထပ်လှူပေးပါဦးမယ်

ဒီတစ်ခါလာရင် Oximeter လေးလည်းယူခဲ့မယ်လို့ ကတိပေးခဲ့တာမို့အပိုရှိတဲ့သူတွေလှူပေးချင်သူတွေရှိရင် ကူပေးပါဦးနော်

Add a Comment

Your email address will not be published. Required fields are marked *