ကိုဗစ်ကာလမှာ နာမကျန်းသူတွေ အာဟာရဖြစ်စေရန် ရည်ရွယ်ပြီး ကြက်ပေါင်းနဲ့ နို့ဆန်ပြုတ်လေးကို လှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့်
|သဇင်ထူးမြင့် ကတော့ တတ်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သူမကတော့ အနုပညာပိုးအပြည့်ပါပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။
ခုလိုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေး တိမ်းရှောင်နေရပေမယ့် သူမအနေနဲ့ တတ်နိုင်သလောက် နေရာအစုံမှာ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ တောက်လျှောက် ပြုလုပ်ခဲ့ပါတယ် ။ ဒါကြောင့်လည်း အားလုံးက သဇင်ထူးမြင့်ကို လေးစား ချစ်ခင်နေကြတာပါ ။
အခုလည်း ကိုဗစ်ကာလမှာ နေမကောင်းဖြစ်နေတဲ့ သူတွေ အာဟာရဖြစ်စေရန် ရည်ရွယ်ပြီး ကြက်ပေါင်းနဲ့ နို့ဆန်ပြုတ်တွေကို မိသားစု အလှူလေး အဖြစ် လှူဒါန်းခဲ့ပါတယ် ။ အလှူပုံတွေနဲ့ အတူ “ သဲတို့မိသားစုရဲ့ အလှူလေးပါ ကြက်ပေါင်းနဲ့ နို့ဆန်ပြုတ်လေးတွေ နောက်ထပ်လည်း ဒီထပ်အများကြီးထပ်ပြီး လှူနိုင်အောင်ကြိုးစားပါ့မယ်….” ရေးဖွဲ့ထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုပ်ပါတယ် ။
Yuan – Cele Zone
Photo – Thazin Htoo Myint