ထိုင္းႏိုင္ငံမွ တရားဝင္ တင္သြင္းလာ သည့္ ေအာက္ဆီဂ်င္အိုးမ်ား ကရင္ျပည္နယ္ နယ္လုံဝန္ႀကီး သိမ္းယူ

ရန္ကုန္တိုင္းရွိ ပရဟိတအဖြဲ႕မ်ားမွ မွာယူထားသည့္ ထိုင္းႏိုင္ငံမွ တရားဝင္ တင္သြင္းလာသည့္ ေအာက္ဆီဂ်င္အိုးေပါင္း ၁၃၀ကို ကရင္ျပည္နယ္ နစက အဖြဲ႕မွ ဗိုလ္မႉးႀကီး မ်ိဳးမင္းေနာင္ဆိုသူ၏ အမိန႔္ႏွင့္ ျမဝတီ အမွတ္ ၂ တံတားတြင္ ယေန႔ ေနလည္ပိုင္းက သိမ္းယူသြားေၾကာင္းသိရသည္။

ကရင္ျပည္နယ္အတြင္းရွိ လူနာမ်ား အတြက္ အေရးေပၚလိုအပ္ေနသည္ဆိုကာ လက္နက္ျပကာ သိမ္းယူ သြားျခင္းျဖစ္ေၾကာင္း အဆိုပါ ေအာက္ဆီဂ်င္အိုးမ်ားကို သယ္ေဆာင္ေပးေနသည့္ တာဝန္ခံက ေျပာသည္။

” က်မတို႔ ရန္ကုန္၊ လွည္းကူးက လူေတြကလည္း အသက္နဲ႔ပါ၊ ဒါမ်ိဳးႏိုင့္ထက္စီးနင္းလုပ္တာေတာ့ လုံးဝအဆင္မေျပပါဘူး၊ ဓျမတိုက္သြားသလိုလုပ္သြားတာပါ။ က်မ တို႔က ဒီအိုး ၁၃၀ ကို ရန္ကုန္မွာ လိုအပ္ေနတဲ့သူေတြနဲ႔၊ လွည္းကူး ပရဟိတအဖြဲ႕ကို ေပးဖို႔လုပ္ထားတဲ့ အိုးေတြပါ” ေအာက္ဆီဂ်င္အိုးမ်ား သယ္ယူေပးေနသည့္ တာဝန္ခံက ေျပာသည္။

အဆိုပါ ဗိုလ္မႉးႀကီး မ်ိဳးမင္းေနာင္ဆိုသူမွာ စစ္တကၠသိုလ္ အပတ္စဥ္ ၃၂ မွျဖစ္ၿပီး၊ ကရင္ျပည္နယ္ နစကအဖြဲ႕ ဝင္တဦးျဖစ္သည္။

“အခုဖုန္းထပ္ဆက္တယ္ ယူသြားတဲ့ေအာက္ဆီဂ်င္အိုးေတြအတြက္ ပိုက္ဆံလာရွင္းေပးမယ္ဆိုၿပီးေျပာတယ္”ဟု အဆိုပါ သယ္ယူေရး တာဝန္ခံက ေျပာသည္။

စစ္ေကာင္စီ၏ နစကအဖြဲ႕ဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ဝန္ႀကီး ဦးေအာင္ႏိုင္ဦးက နယ္စပ္ေဒသႏွင့္ ဆိပ္ကမ္းမ်ားမွ တင္သြင္းလာသည့္ Oxygen Concentrator အပါအဝင္ ကိုဗစ္ကာကြယ္ကုသေရး ပစၥည္းမ်ား ေဒသအာဏာပိုင္မ်ားက သိမ္းဆည္းျခင္း မရွိေၾကာင္း၊ ေႏွာင့္ေႏွး ၾကန႔္ၾကာမႈ မရွိေအာင္

ဦးစားေပးတင္သြင္းေပးေနေၾကာင္း ၿပီးခဲ့သည့္ ဇူလိုင္ ၂၁ ရက္ေန႔တြင္ သူ၏ လူမႈကြန္ရက္ ေဖစ္ဘြခ္ စာမ်က္ႏွာတြင္ ေရးသားေျပာဆိုေနေသာ္လည္း လက္ေတြ႕တြင္မူ စစ္တပ္မွ သိမ္းဆည္းမႈမ်ား ျပဳလုပ္လွ်က္ရွိသည္။

ပုံစာ- ရန္ကုန္တိုင္းအတြင္း ေအာက္ဆီဂ်င္ရရွိရန္ ေစာင့္ဆိုင္းေနၾကသူမ်ား(ဧရာဝတီ)

credit

unicode

ရန်ကုန်တိုင်းရှိ ပရဟိတအဖွဲ့များမှ မှာယူထားသည့် ထိုင်းနိုင်ငံမှ တရားဝင် တင်သွင်းလာသည့် အောက်ဆီဂျင်အိုးပေါင်း ၁၃၀ကို ကရင်ပြည်နယ် နစက အဖွဲ့မှ ဗိုလ်မှူးကြီး မျိုးမင်းနောင်ဆိုသူ၏ အမိန့်နှင့် မြဝတီ အမှတ် ၂ တံတားတွင် ယနေ့ နေလည်ပိုင်းက သိမ်းယူသွားကြောင်းသိရသည်။

ကရင်ပြည်နယ်အတွင်းရှိ လူနာများ အတွက် အရေးပေါ်လိုအပ်နေသည်ဆိုကာ လက်နက်ပြကာ သိမ်းယူ သွားခြင်းဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင်အိုးများကို သယ်ဆောင်ပေးနေသည့် တာဝန်ခံက ပြောသည်။

” ကျမတို့ ရန်ကုန်၊ လှည်းကူးက လူတွေကလည်း အသက်နဲ့ပါ၊ ဒါမျိုးနိုင့်ထက်စီးနင်းလုပ်တာတော့ လုံးဝအဆင်မပြေပါဘူး၊ ဓမြတိုက်သွားသလိုလုပ်သွားတာပါ။ ကျမ တို့က ဒီအိုး ၁၃၀ ကို ရန်ကုန်မှာ လိုအပ်နေတဲ့သူတွေနဲ့၊ လှည်းကူး ပရဟိတအဖွဲ့ကို ပေးဖို့လုပ်ထားတဲ့ အိုးတွေပါ” အောက်ဆီဂျင်အိုးများ သယ်ယူပေးနေသည့် တာဝန်ခံက ပြောသည်။

အဆိုပါ ဗိုလ်မှူးကြီး မျိုးမင်းနောင်ဆိုသူမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၂ မှဖြစ်ပြီး၊ ကရင်ပြည်နယ် နစကအဖွဲ့ ဝင်တဦးဖြစ်သည်။

“အခုဖုန်းထပ်ဆက်တယ် ယူသွားတဲ့အောက်ဆီဂျင်အိုးတွေအတွက် ပိုက်ဆံလာရှင်းပေးမယ်ဆိုပြီးပြောတယ်”ဟု အဆိုပါ သယ်ယူရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီ၏ နစကအဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦးက နယ်စပ်ဒေသနှင့် ဆိပ်ကမ်းများမှ တင်သွင်းလာသည့် Oxygen Concentrator အပါအဝင် ကိုဗစ်ကာကွယ်ကုသရေး ပစ္စည်းများ ဒေသအာဏာပိုင်များက သိမ်းဆည်းခြင်း မရှိကြောင်း၊ နှောင့်နှေး ကြန့်ကြာမှု မရှိအောင်

ဦးစားပေးတင်သွင်းပေးနေကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့တွင် သူ၏ လူမှုကွန်ရက် ဖေစ်ဘွခ် စာမျက်နှာတွင် ရေးသားပြောဆိုနေသော်လည်း လက်တွေ့တွင်မူ စစ်တပ်မှ သိမ်းဆည်းမှုများ ပြုလုပ်လျှက်ရှိသည်။

ပုံစာ- ရန်ကုန်တိုင်းအတွင်း အောက်ဆီဂျင်ရရှိရန် စောင့်ဆိုင်းနေကြသူများ(ဧရာဝတီ)

credit

Add a Comment

Your email address will not be published. Required fields are marked *