ရေဝေးမှာအသုဘချမီးသဂြိုလ်ဖို့ ကူညီပေးနေတဲ့ ဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေအတွက် အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ပိုင်ဇေရဲထွန်းရဲ့ ဇနီးလေးဇင်သဲနိုင်ကတော့ ဒီနေ့မှာ အာဟာရဒါနအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဇင်သဲနိုင်က သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ အစားအသောက်လုပ်ငန်းကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေနဲ့ ဒီနေ့လှူဒါန်းတဲ့ အာဟာရဒါနအလှူလေးကို ပြုလုပ်ခဲ့တာပါတဲ့။

ဇင်သဲနိုင်က အခုကာလ ဆုံးပါးကွယ်လွန်သွားတဲ့သူများစွာရှိနေတာကြောင့် ကွယ်လွန်သူတွေရဲ့နောက်ဆုံးခရီးကို ကူညီလုပ်ကိုင်ပေးနေရတဲ့ ရေဝေးမှာ အသုဘချမီးသဂြိုလ်ဖို့ကူညီပေးနေတဲ့ ဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေအတွက် ကြက်ဥပူတင်း+Blueberry Custard Ban နဲ့ Royal Dတို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခြေနေတွေကြောင့် ထမင်းတောင်စားမဝင်တဲ့ သူတို့အတွက်အာဟာရလည်းပြည့်ပြီး အလွယ်တကူလည်းစားလို့ရအောင် အခုလို စီစဉ်လှူဒါန်းပေးခဲ့တာပါတဲ့။

အခုလို လှူဒါန်းနိုင်အောင် အကျိုးအမြတ်တွေရရှိဖို့ သူ့ဆီကနေ ဝယ်ယူအားပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့အတူ အခုလို ကပ်ရောဂါကြောင့် ကွယ်လွန်သူတွေရဲ့ နောက်ဆုံးခရီးကို ကူညီလုပ်ကိုင်ပေးနေနေရတဲ့အတွက် ဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေ ပင်ပန်းနေတာကို သိရှိပြီး ဆက်လက်အားတင်းထားပေးဖို့နဲက ကျေးဇူးတင်စကားလေးတွေကိုပါ ဖော်ပြထားပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဇင်သဲနိုင်ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Zin Thae Naing

Add a Comment

Your email address will not be published. Required fields are marked *