အောက်ဆီဂျင်တွေကျပြီး အသက်ရှူမရဖြစ်နေတဲ့ ကျော်ကျော်နန္ဒ ရဲ့ စိုးရိပ်စရာ ကျန်းမာရေး အခြေအနေ
|ကျော်ကျော်နန္ဒကတော့ နွေဦးတော်လှန်ရေးစကတည်းက သူတတ်နိုင်သလောက်ပါဝင်လှုပ်ရှားခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့လည်း တောထဲမှာ ရှောင်တိမ်းနေထိုင်နေခဲ့ရတာဖြစ်ပါတယ်။
အရင်တုန်းက ကျော်ကျော်နန္ဒကို စနောက်ခဲ့ကြတဲ့ ပြည်သူတွေကလည်း အခုချိန်မှာ သူ့ရဲ့စိတ်ဓာတ်ကိုလေးစားနေကြတာဖြစ်ပါတယ်။
လတ်တလောမှာတော့ ကျော်ကျော်နန္ဒက သူ့ကိုဖမ်းဝရမ်းထုတ်ထားတဲ့ ၅၀၅(က)ပုဒ်မကို ပြန်လည်ရုတ်သိမ်းပေးတာကြောင့် ပုံမှန်အတိုင်းနေထိုင်နေတာဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာဆိုရင် ကျော်ကျော်နန္ဒလည်း နေမကောင်းဖြစ်နေတာကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။သူကတော့ ကိုယ်လက်တွေကိုက်ခဲကာ အောက်ဆီဂျင်တွေလည်းကျနေတယ်ဆိုပြီး လွန်ခဲ့တဲ့(၂)ရက်ကတည်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။
ကျော်ကျော်နန္ဒကလည်း ပြည်သူလူထုကျန်းမာဘေးကင်းဖို့အတွက် ဆုတောင်းပေးရုံကလွဲပြီး ဘာမှမတတ်နိုင်လို့ ဝမ်းနည်းနေခဲ့တာဖြစ်ပါတယ်။
ကျော်ကျော်နန္ဒက သူ့ရဲ့ကျန်းမာရေးပြန်ကောင်းဖို့အတွက် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ဖြတ်ကျော်နေတာဖြစ်ပါတယ်။အသက်ရှူမဝလို့လည်း ရေနွေးထဲကို ပင်စိမ်းရွက်ထည့်ပြီး အငွေ့ကိုရှူနေတာဖြစ်ပါတယ်။
ကျော်ကျော်နန္ဒကတော့သူအသုံးပြုနေတဲ့ အိမ်တွင်းနည်းလမ်းလေးတွေကိုလည်း ပြည်သူများအတွက် ရေးသားပေးနေတာဖြစ်ပါတယ်။ဒီရောဂါကြီးကို အမြန်ဆုံးကျော်ဖြတ်နိုင်ပြီး သက်သာပါစေလို့ ကျော်ကျော်နန္ဒအတွက် ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Kyaw Kyaw Nanda’s Fb acc
Crd-myanmarload