သူသောက်သုံးနေတဲ့ဆေးနည်းလေး မျှဝေပေး လိုက် တဲ့ သရုပ်ဆောင် ထူးခန့်ကျော်
လ္ဘက်ခြောက်အနည်းငယ်
ဂျင်းပါးပါး ၅ ခုခန့်
ပင်စိမ်းရွက်၂၀ ရွက်
unicode
ကြိုတင်ကာကွယ်ထားရမဲ့ ဝိဇ္ဇာတသိန်းကျော်အပေါင်းသူတော်ကောင်းကြီးများ၏
မေတ္တာဆေး ကျွန်တော်တို့မိသားစုလေးနေ့တိုင်းသောက်နေတဲ့ဆေးလေးပါ
လည်ချောင်းမှာရှိတဲ့ပိုးမွှားများကင်းစင်သလို
ချောင်းဆိုးခြင်း ချွဲပူထခြင်း အသက်ရှူမဝသောသူများအနေ့ဖြင့်လည်း
ဒီဆေးအငွေ့များအားပျင်းပျင်းရှူရှိုက်ပေးခြင်းဖြင့်
အသက်ရှူမှု့ပြန်လည်ကောင်းမွန်လာတာကိုလည်းခံစားရမှာဖြစ်ပါတယ်
ငွေကြေးအင်အားသိပ်ကုန်ကျမှု့မရှိဘဲ
အင်မတန်သက်သာသောဆေးနည်းလေးပင်ဖြစ်ပေသည်
ပါဝင်သောပစ္စည်းများကတော့
လ္ဘက်ခြောက်အနည်းငယ်
ဂျင်းပါးပါး ၅ ခုခန့်
ပင်စိမ်းရွက်၂၀ ရွက်
တောရှောက်ခါးတစိပ်ခန့်တို့အား
ပွက်ပွက်ဆူနေသော အိုးထဲသို့ ပါဝင်ပစ္စည်းများအားလုံးကို ရောထည့်ပြီးနှပ်ထားပေးပါ
နံ့အသက်မရသောသူများ အိုးကိုဖွင့်ပြီး အငွေ့ကိုရှူပေးရသလို
လည်ချောင်းကပိုးမွှားများကင်းစင်အောင်လည်း သောက်သုံးလို့ရပါတယ်နော်
ကျွန်တော် ဒီဆေးနည်းလေးအတိုင်း သောက်လာတာကြာခဲ့ပါပြီ
နောက်ပြီး ဝိတ်တက်နေသူများလည်း ဝိတ်ပါကျပါသည်နော်
အစာအိမ်ရောဂါရှိသောသူများ တောရှောက်ခါးသီးကို လိုတိုးပိုလျော့ပြုလုပ်ပေးရသလို
ဆီးချို သွေးတိုးသမားများအတွက်လဲ အထူးကောင်းမွန်ပါတယ်နော်
ခေါင်းကိုက် ဇက်ကြောတတ်မှု့တွေကိုလဲသက်သာပျောက်ကင်းခြင်းနှင့်
ခံတွင်းအနံ့အသက်များပါကောင်းမွန်ပါသောကြောင့် အခုလက်တွေ့လေးလုပ်ကြည့်ပါနော်
ဒီတခွက်ဆိုလျှင် တနေကုန်တဲ့အထိ လူတယောက်စာသောက်သုံးလို့ရပါတယ်နော်
မေတ္တာဖြင့်မျှဝေပေးခြင်းဖြစ်ပါတယ်နော်
ကဲအားလုံးသောအမျိုးများကိုဗစ်ကင်းစင်ကြ၍ လိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြစေပြီး
အားလုံးကပ်ဆိုးကြီးများဘေးအမျိုးမျိုးတို့မှကင်းဝေးကြပါစေဟု
သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားပါတယ်။