မွေးနေ့အလှူလေးအဖြစ် ကာလဒါနအလှူလေးတွေ ပြုလုပ် လှူဒါန်းပေး ခဲ့ တဲ့ ဟန်တီ



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


Source – Minn Ko

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်အလှမယ် ဟန်တီကတော့ ဒီနေ့မှာ သူ့ရဲ့မွေးနေ့ရက်မြတ်ကျရောက်ခဲ့ပါတယ်။ ဒီနေ့ ဇူလိုင်လ (၂၅)ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးမွာ ဟန်တီက မွေးနေ့အလှူလေးအဖြစ် နာမကျန်းဖြစ်နေတဲ့ သံဃာာတော်တွေနဲ့ ကလေးငယ်တွေအတွက် သူတတ်နိုင်သောက် အလှူလေး ပြုလုပ်ခဲ့ပါတယ်။

နာမကျန်းဖြစ်နေတဲ့ သံဃာတော်တွေအတွက် ဆေးဝါးတွေနဲ့ ဆွမ်းပို့လှူဒါန်းခြင်းအလှူဝမ်းရေးခက်ခဲနေတဲ့ ကလေးငယ်အယောက် (၁၀၀)ကျော်အတွက် ဆန်များခွဲဝေလှူဒါန်းပေးခြင်း စတဲ့ အလှူလေးတွေကို မွေးနေ့အလှူအနေနဲ့ ပြုလုပ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဟန်တီက နောက်ထပ်လည်း နယ်လှည့်ကုသိုလ်ပြုနှလုံးလှဆရာဝန်များကုသိုလ်ပြုဆေးခန်းကိုလည်း လိုအပ်တာတွေလှူဒါန်းပေးခဲ့ပါသေးတယ်။

နယ်လှည့်ကုသိုလ်ပြုနှလုံးလှဆရာဝန်များအဖွဲ့ကုသိုလ်ပြုဆေးခန်းလေးအတွက် ဆန်(၃)အိတ်နဲ့ ဆေးဝါးတွေကိုမွေးနေ့ကုသိုလ်အနေနဲ့ လှူဒါန်းပေးခဲ့တာပါ။CeleZone ပရိသတ်ကြီးရေ ဟန်တီရဲ့ မွေးနေ့အလှူလေးတွေကို ပရိသတ်ကြီးတွေကသာဓုခေါ်ဆိုပြီး မွေးနေ့အတွက် မွေးနေ့ဆုတောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Minn Ko

Add a Comment

Your email address will not be published. Required fields are marked *