ကိုဗစ်ဖြစ်ပြီး အောက်ဆီဂျင် (၈၀) အထိ ထိုးကျခဲ့ရတဲ့ သူမရဲ့ အဖြစ်ကို ပရိသတ်တွေကို ပြောပြလာတဲ့ ဆောင်းယွန်းစံ




Yuan – Cele Zone

Photo – Saung Yoon San

unicode

ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ဆောင်းယွန်းက ပြည်သူတွေ အရေးကြုံတိုင်း အမြဲ အလှူလေးတွေနဲ့ ပါဝင်တတ်သူလည်းဖြစ်ပါတယ် ။

ခုလို ကိုဗစ်ရောဂါတွေ ကူးစက်ဖြစ်ပွားနေချိန်မှာလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ သူကိုယ်တိုင်လည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး အတော်လေး ခက်ခဲစွာဖြတ်သန်းခဲ့ရကြောင်းကို ဒီနေ့လေးမှာ ပရိသတ်တွေကို ဝေမျှလာပါတယ်။ အခုဆို ကိုဗစ်ဖြစ်တာ (၂၁) ရက်မြောက်ရှိနေပြီဖြစ်ကြောင်းကို ” ဒီနေ့က ၂၁ ရက်မြောက်နေ့ Covid 19 ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပီထင်ပါတယ် ရောဂါဖစ်နေတဲ့ အချိန်မှာ အဓိက အချက်ကတော့ အစားများများစားပါ.. အိပ်ရေးဝဝ အိပ်ပါ စိတ်ညစ်စရာတွေမတွေးပါနဲ့.. ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးပျော်အောင်ထားပေးပါနော် ဖျားမယ် အနံ့ပျောက်မယ် ချောင်းဆိုးမယ် အသက်ရှူကျပ်မယ် ရင်ထဲမှာပူမယ် မောမယ် အောက်ဆီဂျင်တွေကျမယ် (ဆောင်းဆို ၈၀ အောက်ထိကျတာ) အိမ်မက်ဆိုးတွေ မက်မယ် ( ကိုယ့်ကို တယောက်ယောက်လာခေါ်နေသလိုမျိုး )

” ဒီရက်တွေမှာ ဒါတွေ အားလုံးဖစ်မှာပါပဲ.. ကိုယ်တယောက်တည်း ရွေးဖစ်တာမျိုးမဟုတ်ပါဘူး.. ခု Covid ဖစ်တဲ့သူတိုင်းနီးပါးဖစ်တာပါပဲ.. ဘာတွေပဲ ဖစ်နေဖစ်နေ ရအောင် ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်လေးနဲ့ အားတင်းထားပါ. ဒီလိုချိန်မှာ ကိုယ့်အတွက် ခွန်အားရှိမယ့် သူငယ်ချင်းကောင်းတွေနဲ့ စကားပြောပေးပါ. ဆောင်းလိုအားလုံးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်.. ဒီကပ်ဆိုးကြီးပီးသွားတဲ့ အခါ ကျန်းကျန်းမာမာနဲ့ ပြန်လည်ဆုံတွေ့ကြမယ်နော် ” အကြောင်းစုံ ဗဟုသုတအနေနဲ့ ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Saung Yoon San

Add a Comment

Your email address will not be published. Required fields are marked *