သံလြင္ျမစ္နဲ႔ ဘီးလင္းျမစ္ စိုးရိမ္ေရ မွတ္ ေရာက္ႏိုင္၊ ျမစ္ကမ္းေဘးေနသူေတြ အထူး သတိထားဖို႔ လို

သံလြင္ျမစ္ေရနဲ႔ ဘီးလင္ျမစ္ေရဟာ ေနာက္ရက္ေတြအတြင္း စိုးရိမ္ေရမွတ္ကို ေရာက္ရွိႏိုင္လာတဲ့အတြက္ေၾကာင့္ ျမစ္ကမ္းအနီးနဲ႔ အနိမ့္ပိုင္းမွာ ေနထိုင္သူေတြအေနနဲ႔ အထူးသတိျပဳေနထိုင္ၾကဖို႔ မိုးေလဝသနဲ႔ ဇလေဗဒဦးစီးဌာနက ဒီကေန႔ ဇူလိုင္ ၂၇ ရက္ေန႔မွာ သတိေပးထုတ္ျပန္လိုက္ပါတယ္။

ဒီကေန႔ မနက္ ၈ နာရီခြဲတိုင္းထြာခ်က္အရ သံလြင္ျမစ္ေရဟာ ဘားအံၿမိဳ႕မွာ ၿမိဳ႕ရဲ႕စိုးရိမ္ေရမွတ္ေအာက္ ၁ ေပခြဲခန႔္ေရာက္ရွိေနၿပီး ေနာက္ ၁ ရက္အတြင္းမွာ စိုးရိမ္ေရမွတ္ကို ေရာက္ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားတာပါ။

ဘီးလင္းျမစ္ေရဟာလည္း ၿမိဳ႕ရဲ႕စိုးရိမ္ေရမွတ္ေအာက္ ၂ ေပခန႔္မွာေရာက္ရွိေနၿပီး ေနာက္ ၂ ရက္အတြင္း ၿမိဳ႕ရဲ႕စိုးရိမ္ေရမွတ္ကို ေရာက္ရွိႏိုင္တယ္လို႔လည္း မိုးဇလက အသိေပးထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ ဘားအံၿမိဳ႕နယ္နဲ႔ ဘီးလင္းၿမိဳ႕နယ္အတြင္းက ျမစ္ကမ္းအနီးနဲ႔ ေျမနိမ့္ပိုင္းေတြမွာ ေနထိုင္သူေတြအေနနဲ႔ အထူးသတိျပဳေနထိုင္ၾကဖို႔ မိုးဇလက သတိေပးထားပါတယ္။

” သံလြင္ျမစ္ေရကေတာ့ ျဖည္းျဖည္းပဲ တက္ပါမယ္။ အနိမ့္ပိုင္းနဲ႔ ျမစ္ကမ္းအနီးမွာ ေနထိုင္သူေတြအေနနဲ႔ သတိထားသင့္ပါတယ္” လို႔ ကရင္ျပည္နယ္ မိုးဇလတာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

ကရင္ျပည္နယ္မွာေတာ့ လႈိင္းဘြဲျမစ္၊ ေဟာင္သေရာျမစ္နဲ႔ ဇမိျမစ္ေရတို႔ဟာ စိုးရိမ္ေရမွတ္ထက္ကို ေက်ာ္လြန္ေရာက္ရွိေနၿပီး လႈိင္းဘြဲ ျမဝတီ က်ိဳက္ဒုံ ၾကာအင္းဆိပ္ႀကီးစတဲ့ ၿမိဳ႕ေတြမွာ ေရေဘးသင့္ႀကဳံေနရတာ ျဖစ္ပါတယ္။

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာက္တို႔မွာ မုတ္သုံေလ အားအလြန္ေကာင္းေနတာေၾကာင့္ မြန္ ကရင္ ရခိုင္ျပည္နယ္နဲ႔ တနသၤာရီတိုင္းတို႔မွာ ေဒသအလိုက္ မိုးႀကီးႏိုင္တယ္လို႔ မိုးဇလရဲ႕ ခန႔္မွန္းထားပါတယ္။
သတင္း – သံလြင္တိုင္းမ္

unicode

သံလွင်မြစ်ရေနဲ့ ဘီးလင်မြစ်ရေဟာ နောက်ရက်တွေအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်လာတဲ့အတွက်ကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မနက် ၈ နာရီခွဲတိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဘီးလင်းမြစ်ရေဟာလည်း မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်မှာရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့လည်း မိုးဇလက အသိပေးထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။

” သံလွင်မြစ်ရေကတော့ ဖြည်းဖြည်းပဲ တက်ပါမယ်။ အနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးမှာ နေထိုင်သူတွေအနေနဲ့ သတိထားသင့်ပါတယ်” လို့ ကရင်ပြည်နယ် မိုးဇလတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်မှာတော့ လှိုင်းဘွဲမြစ်၊ ဟောင်သရောမြစ်နဲ့ ဇမိမြစ်ရေတို့ဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိနေပြီး လှိုင်းဘွဲ မြဝတီ ကျိုက်ဒုံ ကြာအင်းဆိပ်ကြီးစတဲ့ မြို့တွေမှာ ရေဘေးသင့်ကြုံနေရတာ ဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အောက်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မွန် ကရင် ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးဇလရဲ့ ခန့်မှန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *