ဩဂုတ်လမှာဖြစ်ပေါ်မယ့် တိုင်းပြည်နဲ့အမေစုရဲ့ ကံဇာတာ ကို သေချာတွက်ချက်ပြီး အဖြေကို အမှန်အတိုင်းဖွင့်ဟလာတဲ့ ဆရာမတစ်ဦး

ဖေဖော်ဝါရီလကတည်းက ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေမှာဆိုရင် ပြည်သူလူထုကလည်း ယနေ့အချိန်ထိအကောင်းဆုံးကြိုးစားနေကြဆဲဖြစ်ပါတယ်။ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ခေါင်းဆောင်တွေအတွက်လည်း ပြည်သူတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်။

အမေစုရဲ့ (၇၆)နှစ်ပြည့် မွေးနေ့မှာလည်း ပြည်တွင်း၊ပြည်ပမှာရှိကြတဲ့ မြန်မာပြည်သူတွေက ပန်းလေးတွေပန်ပြီး အမှတ်တရဖန်တီးပေးကြတာဖြစ်ပါတယ်။တရားရင်ဆိုင်နေရတဲ့ အမေစုနဲ့ခေါင်းဆောင်တွေ အမြန်အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ဆရာမတစ်ဦးက အမေစုနဲ့တိုင်းပြည်ရဲ့ ကံဇာတာကို သေချာတွက်ချက်ပြီး အမှန်အတိုင်းဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။အမေစုကတော့ ဩဂုတ်လမှာ ကံဇာတာပြန်တက်လာပြီလို့ ရေးသားထားတာဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ကံဇာတာကလည်း အကောင်းဘက်ကိုရောက်လာပေမယ့် ဒီမိုကရေစီအစိုးရအုပ်စိုးမှသာ သက်သာတဲ့ဇာတာမျိုးဖြစ်ပါတယ်။တိုင်းပြည်ရဲ့ဇာတာက ဗုဒ္ဓဟူး၊စနေထဲရောက်နေတာကြောင့် မေတ္တာနဲ့မှမအုပ်ချုပ်ရင်ဆင်းရဲဒုက္ခများဦးမယ့်အခြေအနေမျိုးကျန်ရှိနေသေးတာဖြစ်ပါတယ်။

အမေစုရဲ့ကံဇာတာကလည်း ဩဂုတ်လ (၁၉)ရက်ကျော်တာနဲ့ အကောင်းဘက်ကို ဦးတည်နေပြီးစက်တင်ဘာလ(၁၉)ကျော်ရင်တော့ လုံးဝကောင်းသွားပြီဖြစ်ပါတယ်။အားလုံးခြုံပြောရရင်တော့ဩဂုတ်လ(၃)ရက်နေ့မှစပြီး အခုလောက် တိုင်းပြည်အခြေအနေမဆိုးတော့ဘဲ ကောင်းတာတွေပြန်ဖြစ်လာမှာပဲဖြစ်ပါတယ်။

ဒီကာလမှာ ပြည်သူတွေလည်း ဘာသာရေးပိုလုပ်ပြီး ကျန်နေသေးတဲ့ဇူလိုင်လတွေကို အားတင်းတောင့်ခံထားနိုင်ကြဖို့အတွက် မျှော်လင့်ချက်ရှိသေးတဲ့ တိုင်းပြည်နဲ့အမေစုရဲ့ ကံဇာတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit:May Thingyan Hein-Myitmakha’s Fb Acc

Crd-myanmarload

Add a Comment

Your email address will not be published. Required fields are marked *