ဒေါ်သက်သက်ခိုင် ရောဂါ ပြင်းထန်နေ သဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် အောက် ဆီ ဂျင် ပေး ထား ရ ဆိုတဲ့ သတင်းက

စစ်ကောင်စီဝင် ဒေါ်သက်သက်ခိုင် COVID-19 ကူးစက်ခြင်းမရှိဟု သူ၏ကိုယ်ရေးအရာရှိပြော

စစ်ကောင်စီ၏ လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်တွင် COVID-19 ရောဂါ ကိုဗစ်ပိုးကူးစက်ခံရသောကြောင့် စစ်ဆေးရုံတင်လိုက်ရသည်ဆိုခြင်းမှာ သတင်းမှားဖြစ်ကြောင်း သူ၏ကိုယ်ရေးအရာရှိက မဇ္ဈိမကို ပြောသည်။

“မဟုတ်ပါဘူး၊ ကျန်းမာရေးကောင်းမွန်စွာ ရှိနေပါတယ်” ဟု ကိုယ်ရေးအရာရှိက ပြောသည်။ အသေးစိတ်ပြောရန်ကိုတော့ ငြင်းဆန်သည်။

ယနေ့ည MRTV က ထုတ်လွှင့်သော စစ်ကောင်စီ၏ (၅) ကြိမ်မြောက် COVID-19 အစည်းအဝေးအကြောင်းတွင်လည်း ဒေါ်သက်သက်ခိုင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် လူမှုကွန်ရက်တွင်ပျံ့နှံနေသော ဒေါ်သက်သက်ခိုင် မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသခံယူနေသည်ဆိုခြင်းနှင့်ပတ်သက်၍ မင်္ဂလာဒုံစစ်ဆေးရုံတွင်မရှိကြောင်း အမှတ် (၁၄) စစ်မြေပြင်ဆေးတပ်ရင်းမှသည် ပြည်သူဘက်ပူးပေါင်းလာခဲ့သော CDM ပြုလုပ်ထားသည့် ခွဲစိတ်ပါရဂူဗိုလ်ကြီး မင်းမောင်မောင်က မဇ္ဈိမကို ပြောသည်။

Add a Comment

Your email address will not be published. Required fields are marked *