မြန်မာ့အသံ နဲ့ မြဝတီက အောက်စီဂျင်အခမဲ့ဖြန့်ဖြူးပေးနေ သည့် ဟု သတင်းတွင်ကြေငြာသွား
|ဆင်မလိုက် သဘော်ကျင်းက
အောက်ဆီဂျင် Plant ဟာ ရပ်ထားတာ ၂နှစ်ရှိနေပြီ ၊
Compressor ပျက်ပြီး သုံးမရတော့လို့ပါ၊ ဒါကို ပြင်ပ ကုမ္ပဏီတခုက
compressor နှစ်လုံးငှားပေးပြီး အဲဒီကုမ္ပဏီရုံးကပဲ အင်ဂျင်နီယာတွေပါစေလွှတ်ပေးပြီးအကူအညီပေးကြတယ်၊
ဒီတော့မှ ၂နှစ်လောက် ပျက်နေလို့ ပစ်ထားတဲ့ Oxygen plant ဟာ ပြင်ပကုမ္ပဏီ ကျေးဇူးကြောင့် ပြန်လည်ပတ်လာခဲ့ပါတယ်၊
ဒီလိုအရေးကြီးတဲ့နေရာမျိုးမှာ
ရုရှားပြန်ဆိုတဲ့ စစ်အင်ဂျင်နီယာ မျိုးမစစ်တွေနဲ့ ဗီလာရုသွား ကျားကျားမီးယပ်များအဖွဲ့က ဘာမှမလုပ်တတ်သလို လေလှိုင်းပေါ်မှာသာ ဖင်ကိုနှပ်ကြောင်းပေးနေယုံပဲ လုပ်နိုင်ပါတယ်၊
ပြင်ပ ကုမ္ပဏီဘက်က
အင်ဂျင်နီယာတွေရဲ နေ့ရောညပါ အထူးကြိုးစားအားထုတ်မှု့ကြောင့်
စမ်းသပ်လည်ပတ်တဲ့ ကာလမှာပဲ တစ်ရက်ကို 40 လီတာ အိုး 100 လောက်ထွက်လာတယ်၊
အကူအညီ စပေးခဲ့တဲ့ ကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်က .. လောလောဆယ်
အလွန်ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက်၊
ဆေးရုံတွေမှာ အသက်ရှုဖို့ခက်နေကြတဲ့ လူနာများအတွက် အခမဲ့ဖြန့်ဝေပေးဖို့ဆိုပြီး ကြိုးစားကြတာ တစ်ရက်ကို Oxygen အိုး
500လောက်ထွက်လာပြီလို့သိရတယ်၊
ဒီလို ကြိုးစားပမ်းစားလုပ်လာကြပြီးတဲ့ ကာလမှာပဲ
ဘာစောက်လုပ်မှမလုပ် ဘာစောက်သုံးမှ မကျတဲ့ စစ်ကောင်စီဆိုတာတွေက
ဆင်မလိုက်သဘော်ကျင်း အောက်စီဂျင်ကို ခပ်တည်တည်နဲ့
လက်ဝါးကြီးအုပ်ပြီး လွှဲပြောင်းယူသွားခဲ့ပါတယ်၊
တိတ်တိတ်နေ ဒါကြည့်ထားဆိုပြီး သေနပ်ထုတ်ပြလိုက်တဲ့ သဘောပါ၊
ခပ်တည်တည်နဲ့ သူတို့ရဲ့ဝါဒဖြန့် TV လိုင်းကနေ ကယ်တင်ရှင်များအမည်ခံပြီး ထုတ်ပြန်ကြေငြာနေပြန်တာကိုလည်း တွေ့ရပါတယ်၊
ပြန်လည်အသုံးပြုဖို့ လမ်းစဖော်ပြီးအကူအညီပေးခဲ့တဲ့ ကုမ္ပဏီနဲ့ အင်ဂျင်နီယာတွေအကြောင်း စောက်သံ
တစ်လုံးမှ မဟ တော့ပါ၊
သန်လျင် ဆေးရုံကို တရက်အလုံး ၅၀ ပထမ ထုတ်ပေးနေကြောင်း ကြေငြာပြီး
နောက်ရက်တွေမှာ ၂၅ လုံး ဖြစ်လာပါတယ်၊
အခုဆို လုံးဝကို ထုတ်ပေးလို့မရတော့ကြောင်း သိရပါတယ်၊
လူနာတွေဟာဆေးရုံတွေမှာ ငရဲခန်းထဲ
ရောက်နေကြသလို အော်နေကြရပေမယ့်
ဒီအတိုင်းပစ်ထားခဲ့ကြလို့ နေ့စဉ် သေနေကြပါတယ်၊
ကိုယ်တိုင်လည်း မလုပ်တတ်
လုပ်တတ်တဲ့သူတွေက အကူအညီပေးပြီး ဦးဆောင်မယ်ဆိုတော့လည်း
သူတို့အတွက်သာ အရယူပြီး ဖျက်လိုဖျက်ဆီးလုပ်ဖို့လောက်ပဲ အားထုတ်နေကြသူတွေပါ၊
ယုတ်မာမှု့တွေကတော့ နှိုင်းယှဉ်ပြစရာကို
မရှိတော့ပါဘူး၊၊
ဘယ်ဘဝက အငြိုးအတေးတွေနဲ့များ
အခုလို မိုက်ရိုင်းနေကြမှန်းကို မတွေးတတ်တော့ပါ။
Crd