အလှူဒါန်းလေးတွေလုပ်ပြီး ပရိသတ်တွေရှေ့ မသိမသာပြန်ရောက်လာတဲ့ နန်းခင်ဇေယျာ

ကိုဗစ်ရောဂါ ရောဂါကူးစက်မှုတွေကြောင့် ပြည်သူတွေ တစ်နေ့တစ်နေ့ သေဆုံးရသူတွေ များစွာရှိနေတာကို တွေ့ရပါတယ် ။ ဒီလို ကိုဗစ်နဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှကို ပရဟိတ အသင်းသားတွေကပဲအခကြေးငွေမယူဘဲ ရှေ့ဆုံးက နေ့မအား ညမအား ကူညီဆောင်ရွက်ပေးနေကြပါတယ် ။

သေဆုံးသူတွေ များတာကြောင့် မီးသြင်္ဂိုဟ်ဖို့ အခက်အခဲဖြစ်နေတာတွေကိုလည်း သူတို့ကပဲ အစအဆုံး အားလုံး ပီစီးသည်အထိ လုပ်ဆောင်ပေးနေကြတာပါ ။ဒါကြောင့်လည်း ပြည်သူတွေအားလုံးကကျေးဇူးတင်နေကြပါတယ် ။ သူတို့အတွက်လည်း ကျန်းမာအောင် ပြည်သူတွေက တတ်နိုင်သလောက် အစားအသောက်တွေ ၊ အားဆေးတွေ လှူဒါန်းပေးလာကြတာ တွေ့ရပါတယ်။

အခုလည်း သရုပ်ဆောင် နန်းခင်ဇေယျာက ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ ပရဟိတ သူရဲကောင်းများ ရောဂါကူးစက်မှုမရှိစေရန် အတွက် PPE ဝတ်စုံများ ကို လှူဒါန်းခဲ့ပါတယ် ။ အလှူပုံလေးတွေနဲ့ အတူ ” COVID ကပ်ရောဂါဆိုးကာလကြီးမှာ ရှေ့တန်းမှာတိုက်စစ်မှူးများပီပီ မိမိရဲ့ အသက်ကိုပင်မငဲ့ကွက်ပဲ စေတနာအရင်းခံဖြင့် ကူညီဆောင်ရွက်နေတဲ့ ပရဟိတအသင်းများကို နန်းခင် တတ်နိုင်တဲ့ဘက်မှ ပါရမီဖြည့်ခွင့်လေးရခဲ့ပါတယ်။ နောက်အခေါက်အလှူများမှာလည်း ဒီထက်မက ပိုလှူနိုင်အောင် ကြိုးစားသွားပါမယ်ရှင့်။ မြန်မာပြည်သူပြည်သားများအားလုံး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော ဘေးဒုက္ခ၊ ကပ်ရောဂါ အပေါင်းမှ အမြန်ဆုံးကင်းဝေးကြပါစေ။ ” ရေးသားဖော်ပြထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nang Khin Zay Yar

Add a Comment

Your email address will not be published. Required fields are marked *