အသက်ရှူကျပ်ကာ အောက်ဆီဂျင်ပေးနေရတဲ့ စိန်သီး ကို စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားတွေပြောကြားလိုက် တဲ့ ငြိမ်းချမ်း

ပရိသတ်တွေရဲ့ အချစ်တော် လူရွင်တော် ဦးငြိမ်းချမ်းကတော့ မကြာခင်ရက်ပိုင်းတွေက ကိုဗစ်ရောဂါကူးစက်ခံရပြီး နေမကောင်းဖြစ်နေကြောင်း ပရိသတ်တွေကို အသိပေး ပြောကြားခဲ့ပါတယ် ။ အောက်ဆီဂျင်တွေ ပေးရသည်အထိ ရောဂါကို အတော်လေးလည်း ခံစားခဲ့ရပါတယ် ။

ဒီနေ့မှာတော့ သူ့လိုပဲ ကိုဗစ်ကူးစက်ခံရပြီး အသက်ရှူကျပ်ကာ အောက်ဆီဂျင်ပေးနေရတဲ့ လူရွင်တော် စိန်သီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရှာပါတယ် ။ သူကိုယ်တိုင်လည်း ကိုဗစ်ကို အနိုင်တိုက်နိုင်ခဲ့ပြီး ခုဆို သက်သာနေကြောင်း စိန်သီးအတွက် အားပေးစကားလေးပြောကြားထားတာတွေ့ရပါတယ် ။

” ညီလေး စိန်သီး အားတင်းထားညီလေး အရာရာတိုင်းကို ကျော်ဖြတ်လာခဲ့တာ ဒါကျမှအလျှော့မပေးနိုင်ဘူးနော် ဒါလဲ နိုင် ကို နိုင်ရမယ် အကိုတောင် ၁ ပါတ်လောက် တော်တော်လေး ခံလိုက်ရတယ် ၃ရက်လောက် မအိပ်နိုင် မစားနိုင် အထိတောင်မခံနိုင်အောင် တကိုယ်လုံး နာနေတာ ဒါပေမယ့် အခု လုံးဝကောင်းသွားပီ စားတယ် အိပ်တယ် ဒို့တွေ ပြည်သူတွေအပေါ်ထားတဲ့စေတနာ ပြည်သူတွေရဲ့တုံ့ပြန်မေတ္တာကြောင့် ဒို့နေကောင်းရမယ် အားတင်းထားပါချစ်ညီလေး” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ဦးစိန်သီးလည်း ရောဂါ အမြန်ပျောက်ကင်းပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nyein Chan

Add a Comment

Your email address will not be published. Required fields are marked *