အေလာင္းေတြကို ေစာင္ေလးေတြပတ္ၿပီး သၿဂႋဳလ္ေနၾကတာ မၾကည့္ရက္ေတာ့လို႔ အေလာင္းတင္ စင္ေလး႐ိုက္ၿပီး လႉဒါန္းဖို႔ ျပင္ဆင္ေနတဲ့ သံဃာေတာ္မ်ား
|လတ္တေလာမွာ ျပည္သူေတြကေတာ့ အာဏာရွင္ ဖိႏွိပ္မႈဒဏ္ေတြကို ခံစားေနရတဲ့ ၾကားကေန တစ္ေက်ာ့ျပန္ျဖစ္ပြားလာတဲ့ ကိုဗစ္ေရာဂါကိုလည္း ဒုကၡမ်ိဳးစုံျဖင့္ အလူးအလဲခံစားေနရတာ ျဖစ္ပါတယ္။
အာဏာရွင္ေတြရဲ႕ မတရားဖမ္းဆီး ခ်ဳပ္ေႏွာင္းမႈေတြေၾကာင့္ လက္ရွိမွာ က်န္းမာေရးဝန္ထမ္းမ်ား ၊ ေစတနာ့ဝန္ထမ္းမ်ား နဲ႔ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ မတည္လႉဒါန္းေပးမယ့္ အလႉရွင္ေတြဟာ အရင္လိုမရွိတဲ့အတြက္ ျပည္သူေတြ အခက္ႀကဳံေတြ႕ေနရပါတယ္။
ဒီလို ျပည္သူေတြ ဒုကၡႀကဳံေတြ႕ ေနရတာေတြကို မၾကည့္ရက္တဲ့ ဘုရားသားေတာ္ ရဟန္း၊ သံဃာေတာ္ေတြက ကူညီလုပ္ကိုင္လာၾကတာ ေတြ႕ရပါတယ္။
တခ်ိဳ႕ ရဟန္း၊ သံဃာေတာ္ေတြဆိုရင္ ပရဟိတအသင္းေတြမွာ ဝင္ေရာက္ၿပီး ကိုဗစ္ေရာဂါျဖစ္ ေသဆုံးတဲ့ ႐ုပ္အေလာင္းမ်ားအား သုႆန္သခ်ႋဳင္းေတြသို႔ ပို႔ေဆာင္ေပးေနတဲ့အျပင္ ဗုဒၶဘာသာအယူအရ ေသသူကို သက္ေပ်ာက္ကုသိုလ္ေတြပါ လုပ္ေပးၾကတာ ေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ တခ်ိဳ႕မွာ ျပည္သူေတြ ကပ္ေရာဂါႀကီး ကင္းေဝးေအာင္လို႔ ပရိတ္တရား ႐ြတ္ဖတ္ပူေဇာ္ေပးၾကတာလည္း ရွိပါတယ္။
ယခုမွာလည္း ေမွာ္ဘီ “ဓမၼပီတိ” သံဃာေတာ္မ်ားရဲ႕ ေလးစား ၾကည္ညိဳဖို႔ေကာင္းတဲ့ လုပ္ရက္ေလးတစ္ခုကို ၾကားသိခဲ့ရပါတယ္။ ဒါကေတာ့ ေန႔စဥ္အမွ် ကိုဗစ္ေရာဂါျဖစ္ ေသဆုံးေနၾကတဲ့ ႐ုပ္အေလာင္းေတြကို ေစာင္ေလးေတြပတ္ၿပီး ခ်ေနတာ မၾကည့္ရက္ေတာ့လို႔ အေလာင္းတင္ စင္ေလးေတြ႐ိုက္ၿပီး လႉဒါန္းဖို႔ ျပင္ဆင္ေနၾကတာ ျဖစ္ပါတယ္။
ဘုရားသားေတာ္ေတြ ျဖစ္ေပမယ့္လည္း ဒုကၡေရာက္ေနၾကတဲ့ ဒကာဒကာမ၊ျပည္သူေတြကို မၾကည့္ရက္လို႔ အပင္ပန္းခံၿပီး အေလာင္းတင္စင္ေလးေတြ ျပဳလုပ္ေနတဲ့ ဒီျမင္ကြင္းေတြကေတာ့ တကယ့္ကို ေလးစားၾကည္ညိဳမိပါတယ္။
သတင္းအရင္းျမစ္: Source – Original Upload
Crd-myanmarload
unicode
လတ်တလောမှာ ပြည်သူတွေကတော့ အာဏာရှင် ဖိနှိပ်မှုဒဏ်တွေကို ခံစားနေရတဲ့ ကြားကနေ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်ရောဂါကိုလည်း ဒုက္ခမျိုးစုံဖြင့် အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။
အာဏာရှင်တွေရဲ့ မတရားဖမ်းဆီး ချုပ်နှောင်းမှုတွေကြောင့် လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ နဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မတည်လှူဒါန်းပေးမယ့် အလှူရှင်တွေဟာ အရင်လိုမရှိတဲ့အတွက် ပြည်သူတွေ အခက်ကြုံတွေ့နေရပါတယ်။
ဒီလို ပြည်သူတွေ ဒုက္ခကြုံတွေ့ နေရတာတွေကို မကြည့်ရက်တဲ့ ဘုရားသားတော် ရဟန်း၊ သံဃာတော်တွေက ကူညီလုပ်ကိုင်လာကြတာ တွေ့ရပါတယ်။
တချို့ ရဟန်း၊ သံဃာတော်တွေဆိုရင် ပရဟိတအသင်းတွေမှာ ဝင်ရောက်ပြီး ကိုဗစ်ရောဂါဖြစ် သေဆုံးတဲ့ ရုပ်အလောင်းများအား သုဿန်သင်္ချိုင်းတွေသို့ ပို့ဆောင်ပေးနေတဲ့အပြင် ဗုဒ္ဓဘာသာအယူအရ သေသူကို သက်ပျောက်ကုသိုလ်တွေပါ လုပ်ပေးကြတာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် တချို့မှာ ပြည်သူတွေ ကပ်ရောဂါကြီး ကင်းဝေးအောင်လို့ ပရိတ်တရား ရွတ်ဖတ်ပူဇော်ပေးကြတာလည်း ရှိပါတယ်။
ယခုမှာလည်း မှော်ဘီ “ဓမ္မပီတိ” သံဃာတော်များရဲ့ လေးစား ကြည်ညိုဖို့ကောင်းတဲ့ လုပ်ရက်လေးတစ်ခုကို ကြားသိခဲ့ရပါတယ်။ ဒါကတော့ နေ့စဉ်အမျှ ကိုဗစ်ရောဂါဖြစ် သေဆုံးနေကြတဲ့ ရုပ်အလောင်းတွေကို စောင်လေးတွေပတ်ပြီး ချနေတာ မကြည့်ရက်တော့လို့ အလောင်းတင် စင်လေးတွေရိုက်ပြီး လှူဒါန်းဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
ဘုရားသားတော်တွေ ဖြစ်ပေမယ့်လည်း ဒုက္ခရောက်နေကြတဲ့ ဒကာဒကာမ၊ပြည်သူတွေကို မကြည့်ရက်လို့ အပင်ပန်းခံပြီး အလောင်းတင်စင်လေးတွေ ပြုလုပ်နေတဲ့ ဒီမြင်ကွင်းတွေကတော့ တကယ့်ကို လေးစားကြည်ညိုမိပါတယ်။
သတင်းအရင်းမြစ်: Source – Original Upload
Crd-myanmarload