ဖခင်ကြီးအတွက် ရည်စူးပြီး ရက်လည်နေ့မှာ အလှူ အတန်းတွေ များစွာ ပြုလုပ်ပေးခဲ့တဲ့ ခန့်စည်သူ
|ကိုခန့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသား ခန့်စည်သူကတော့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုကြောင့်လည်း ဒီနေ့ထိ ပရိသတ်တွေအားပေးနေကြဆဲပါ။
ဒါ့အပြင် အေးဆေးတည်ငြိမ်ပြီး အနေအေးသလို လူကြီးလူကောင်းဆန်တဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက သဘောကျနေကြတာဖြစ်ပြီး ရယ်စရာ ဟာသဇာတ်ရုပ်တွေနဲ့လည်း ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေသူလည်း ဖြစ်ပါတယ်နော်။ အလှူအတန်းတွေဆိုရင်လည်း ထိပ်ဆုံးကနေ ဒီလိုကာလတွေမှာ ပါဝင်လှူဒါန်းပေးနေတာကိုလည်း ဝမ်းမြောက်စွာ တွေ့ရပါတယ် ။
အခုလည်း မကြာခင်က ကွယ်လွန်သွားတဲ့ ဖခင်ကြီးကို ရည်စူးပြီး ရက်လည်နေ့မှာ သံဃာတော်များအား ဝါဆိုသင်္ကန်းများနှင့် ဆွမ်းဆန်တော် အိတ်(၃၀)၊ဆီ ပိဿာ(၃၀)၊ပဲ ပိဿာ(၃၀)၊ဆား (၁၅)ပိဿာ နှင့်အခြေခံစားသောက်ကုန်များကိုလှူဒါန်းခဲ့ကြောင်းဖော်ပြထားပါတယ် ။ ပရိသတ်ကြီးအတွက် ခန့်စည်သူရဲ့ အလှူပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Khant Si Thu