လိုအပ်နေတဲ့ ပြည်သူတွေ အတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးခဲ့ တဲ့ ချယ်ရီသင်း
|ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ချယ်ရီသင်းကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ အကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ချယ်ရီသင်းကတော့ အရင်ကတည်းက လိုအပ်နေတဲ့ ပြည်သူတွေအတွက် အမြဲတမ်းလိုလို လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့ပြီး စေတနာသဒ္ဓါတရားပြည့်ဝလှတဲ့ သူတစ်ယောက်ပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေမရတဲ့ ပြည်သူတွေအတွက် ရေရှိရေးအတွက် အလှူငွေတွေသွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ချယ်ရီသင်းက မိုင် ၂၀-၅ဖာလုံ မင်းကုန်းနတ်စင်အေးကွက်သစ်မှာ ရွာအသစ်တည်နေတဲ့ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် ၂၄၀-ပြည် ကြက်သွန် အာလူး ခရမ်းချဉ်သီး အချိန် ၄၃၀ကို သူကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။
တကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အခုလို စားသောက်ကုန်တွေသွားရောက်လှူဒါန်းခဲ့ရတဲ့ အပေါ် ချယ်ရီသင်းကတော်တော်လေးကို ပီတိဖြစ်နေခဲ့တဲ့ အကြောင်းလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ချယ်ရီသင်းနဲ့ သူ့ရဲ့ပရိသတ်တွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Cherry Thin