ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ် များ အတွက် ပင်စိမ်းရွက်

အခုချိန်က ရာသီအကူးအပြောင်းကာလမို့ လူတိုင်း အနည်းနှင့်အများဖြစ်တတ်ပါတယ်..

မြန်မာ့ဆေးကျမ်းတွေထဲမှာ ပင်စိမ်းဖြင့် ကုသ၍ ပျောက်ကင်းနိုင်သော ရောဂါမျိုး (၄၀) ရှိကြောင်းကို ဖော်ပြထားကြပါတယ်။

အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ်များကို အောက်ပါဆေးနည်းများဖြင့် မိမိတို့နေအိမ်တွင်းမှာ အလွယ်တကူ ကုသနိုင်ကြပါတယ်။

(၁) ပင်စိမ်းရွက် လက်တစ်ဆုပ်ခန့်ခူးယူ၍ ရေစင်အောင် ဆေးကျောကာထောင်း၍၎င်း၊ ကြိတ်၍၎င်း အရည်ရအောင် ညစ်ယူလိုက်ပြီး ရေကျက်အေးနှင့်သောက်ပါ။ တစ်နေ့ကို (၂) ကြိမ်သောက်နိုင်ပြီး ၃ ရက်ခန့်သောက်ပေးပါက ချောင်းဆိုး၊ ရင်ကျပ်၊ ချွဲသလိပ်များ ပျောက်ကင်းသက်သာစေပါမည်။

(၂) ပင်စိမ်းပွင့်ကို ဂျင်းခြောက်၊ ကြက်သွန်ဖြူတို့နှင့် ရောထောင်း၍ ပျားရည်စစ်စစ်နှင့် လျက်ပေးပါက ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်ရောဂါများကိုပျောက်ကင်းစေမည်။

(၃) ပင်စိမ်းရွက်ကို လတ်လတ်ဆတ်ဆတ်ခူးယူ၍ အစိုအတိုင်း ရေသုံးခွက် တစ်ခွက်တင် ကျို၍ သောက်ပေးပါက အအေးမိ၊ တုပ်ကွေးရောဂါများ ချက်ချင်းသာပျောက်ကင်းစေပါမည်။ ဂျင်းအနည်းငယ် ထည့်ကျိုလျှင် ပိုကောင်းပါသည်။ ပျားရည်ရှိပါက အနည်းငယ်ထည့်သောက်နိုင်ပါသည်။

ကိုးကား – အံ့မခန်းပင်စိမ်းအစွမ်း

Credit – မူရင်း

Add a Comment

Your email address will not be published. Required fields are marked *