မွေးနေ့အလှူလေးအဖြစ် လူအယောက်(၁၀၀) စာ အတွက် အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ ဆုမြတ်နိုးဦး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ဒီနေ့ ဇူလိုင်လ (၃၀)ရက်နေ့မှာ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေရက်လေးပဲဖြစ်ပါတယ်။

ပရိသတ်အချစ်တော် ဆုမြတ်နိုးဦးကတော့ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ရက်လေးမှာ မွေးနေ့သူတတ်နိုင်သလောက် မွေးနေ့အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

မွေးနေ့အလှူလေးအနေနဲ့ အာဟာရဒါနအလှူလေးအဖြစ် လူဦးရေ (၁၀၀)စာအတွက် ထမင်းဘူး (၁၀၀)ကို ဒီနေ့မွေးနေ့ရက်လေးမှာ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

Happy Birthday ပါ ဆုမြတ်နိုးဦးရေ မွေးနေ့ကနေစ အနုပညာလောကမှာ ပိုမိုအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပြီးပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုမိုရရှိပါစေ။ နောက်နောင်များမှာလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

CeleZone ပရိသတ်ကြီးတွေထဲက ဆုမြတ်နိုးဦးရဲ့ ပရိသတ်တွေလည်း ဆုမြတ်နိုးဦးရဲ့ မွေးနေ့အထိမ်းအမှတ် ပြုလုပ်ခဲ့တဲ့ အာဟာရဒါနအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

ဆုမြတ်နိုးဦးရဲ့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေလည်း တောင်းပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Source – May Nwe Htun

Add a Comment

Your email address will not be published. Required fields are marked *