မအလ က KIA ကို စစ်ပြေငြိမ်း ဖို့ သဝဏ်လွှာပို့သ တဲ့
|ဒါကို သူံးသပ်ကြည့်ရရင် ရှေ့မှာလည်း ထိုကဲ့သို့ လုပ်ဆောင်ပြီး သူတို့ပဲ ထိုးစစ်ဆင်ပြုနေသလို ခုလည်း ယခုစာထုတ်ပြီး ၄နေရာမှာ စကစကထိုးစစ်ဆင်နေတာပဲဖြစ်သည်
ဒီတော့ ယခုလို လုပ်ဆောင်မှုဟာ ရှေ့မှာလည်း မအောင်မြင်ခဲ့သလို KIA ဘက်က လက်မခံတာ သိပေမယ့် စာထုတ်ကြေငြာ အသိပေးနေခြင်းဟာ စကစရဲ့ စစ်ရေးလှည့်ကွက်သာဖြစ်ကြောင်း
ထိုအတွက်
(၁) UN နဲ့ ကမ္ဘာကို သူတို့ဘက်က အမှားယွင်းမရှိကြောင်း ပုံဖော်ပြယုဒ်အတွက်နဲ့_သာဖြစ်ပြီး
သူတို့ဘက်မှ ယခုလို စစ်ပြေငြိမ်းကြောင်း စာပို့ထားသော်လည်း KIA ဘက်မှ လက်မခံဘူး သို့ကြောင့် သူတို့မှလည်း ဆက်လျက် တိုက်နေရပါတယ်ဆိုတဲ့ ပုံသဏ္ဍန်ကို သွတ်သွင်းဖော်ပြပြီး အကြမ်းဖက်အဖြစ်မှ လွတ်ကင်းအောင်နဲ့ KIA အမှားဖြစ်အောင် လုပ်ကြံခြင်း
(၂) ယခုချိန်မှာ ကိုဗစ်ရော စစ်ရေးရောနဲ့ပါ အထိနာ ကျရှုံးနေ၍ ရလိုရငြား စာထုတ်အသိပေးပေမယ့် မရနိုင်ဘူးဆိုတာ သိနေတဲ့အတွက် ဒါ့အပြင် ရန်သူဟာအမှန်တကယ်အင်အားလျော့နည်းနေပေမယ့်လည်း ထိုအချက်ကို ဟန်ဆောင်ဖုံးဖိဖို့အတွက်
ယခုလိုစာထုတ်ရင် ပြည်သူမှ သူတို့အင်အားနည်းနေလို့ အညံ့ခံကြမည်ဟု ထင်စေခြင်းဖြင့် တဖက်လှည့်နဲ့ ဟန်ဆောင်ဆိုက်ဝါးသူံးပြီး ပြည်သူနဲ့ K2K ကို စစ်ရေးအရ သူတို့ ကျရှုံးဟန်လှည့်စားပြီး ယခုလို စာထုတ် နောက်ကွယ်ဓားထိုးအကွက်နဲ့ စစ်ဆင်မှုပြု အလစ်ငိုက် ထိုးစစ်တိုက်ခိုက်နေခြင်း
(၃) ယခုလို စာထုတ် အသိပေးခြင်းဖြင့် KIA မှ လက်မခံလျင် သူတို့ဝိနည်းလွတ် တာဝန်ကျေပြီဟုဆိုပြီး တနည်း လက်နက်ကြီးများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ချင်လို့ အကြောင်းပြချက်အတွက် ယခုစာကိုထုတ်ပြီး
ကမ္ဘာကို အသိပေးရာရောက်သလို မက်ဆေ့ပေးပြီး လက်နက်ကြီးများ အသုံးပြုပြီး ထိုးစစ်တိုက်ခိုက်နိုင်ဖို့အတွက် ယခုလို နည်းဗျူဟာကို အသုံးပြုခြင်းသာဖြစ်လေသည်
ဒီတော့ စကစဟာ KIA ကို စစ်ပြေငြိမ်းဖို့ စာပို့ ထုတ်ပြခြင်းဟာ
– ကမ္ဘာကို သူတို့ဘက်မှ အမှားမရှိကြောင်း စစ် ပြေ ငြိမ်းကြောင်း KIA မှ လက်မခံကြောင်းပြပြီး
– ခုလိုစာထုတ်မှုကြောင့် သူတို့ ကျရှုံးနေမှုနဲ့ အင်အားလျော့နည်းဟန်ပြ အထင်သေးစေရန် လှည့်စားပြီး
– လက်နက်ကြီးတွေနဲ့ ထိုးစစ်တိုက်ခိုက်ချင်လို့ အသိပေး အကြောင်းပြတဲ့ အကြမ်းဖက်မှုမမြောက်အောင် ဝိနည်းလွတ်ရှောင်တဲ့ အကွက်ဆိုတာ သိရင်
နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဖာပါးစပ်နဲ့ကောင်တွေရဲ့ လက်ကွက်အောက်မှာ နစ်မြုပ်မခံပဲ သူသေကိုယ်ရှင်သာ ဆက်လျက် နွဲကြပါစို့ဟု
တော်လှန်ရေး နိဂူံး အဆုံးမသတ်မခြင်း မအလတွေကို အမြစ်ပြတ်ရှင်း ကျုငူတ်မကျန်ပိရိခြင်းနဲ့ ဆွေးနွေညှိနှိုင်းမှုမပြုပဲ အမြစ်ပြတ်ရေးသာ ဦးတည်ပါဟု !!
မင်းကြည်ညိုနေ