ကွယ်လွန်သွားတဲ့ ဖခင်ကြီးအတွက် ရည်စူးပြီး သာသနာ့ဘောင် ကို ဝင်ရောက် ခဲ့ တဲ့ လင်းအောင်ခေတ်
|ပရိသတ်တွေရဲ့အချစ်တော် မော်လ်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ရဲ့ ဖခင်ကြီးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀)ရက်နေ့က ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။
ဒီသတင်းဆိုးလေးကြောင့်လည်း လင်းအောင်ခေတ်ရဲ့ ပရိသတ်တွေပါ လင်အောင်ခေတ်နဲ့ ထပ်တူ စိတ်မကောင်းဖြစ်ကြေကွဲနေခဲ့ကြရပါသေးတယ်။
လင်းအောင်ခေတ်ကတော့ ကွယ်လွန်သွားတဲ့ ဖခင်ကြီးအတွက် ရည်စူးပြီး သာသနာ့ဘောင်ကိုဝင်ရောက်သွားခဲ့ပါတယ်။ ဖခင်ကြီးအတွက် နောက်ဆုံးအနေနဲ့ သူလုပ်ပေးနိုင်တာတစ်ခုအနေနဲ့ လုပ်ပေးခဲ့တာဖြစ်ပြီး “မနက်ဖြန်ဆိုတာ မသေချာမှန်း သိတဲ့အချိန်မှာ အဖေ အတွက် နောက်ဆုံးအနေနဲ့ ဘုန်းကြီးဝတ်ပေးခဲ့ပါတယ်။
အဖေ ကောင်းရာဘုံမှာ သာဓုခေါ်နိုင်ပါစေ” ဆိုပြီး အခုလို သာသနာ့ဘောင်ဝင်ရောက်တာကို ဖခင်ကြီးကောင်းရာကနေသာဓုခေါ်ဆိုနိုင်ပါစေလို့လည်း ဆုတောင်းထားခဲ့ပါသေးတယ်။
ပရိသတ်တွေကလည်း အခုလို ဖခင်ကြီးအတွက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ လင်းအောင်ခေတ်ရဲ့ လုပ်ရပ်လေးကိုတော့ ချီးကျူးပြီး သာဓုခေါ်ဆိုပေးနေခဲ့ကြပါသေးတယ်။
ပရိသတ်ကြီးရေ လင်းအောင်ခေတ်ရဲ့ ဖခင်ကြီးအတွက် ရည်စူးပြီးသာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ စိတ်ကူးလေးကြောင့် ဖခင်ကြီးကတော့ တမလွန်ကနေ သာဓုခေါ်ဆိုကျေနပ်နေမှာတော့ အသေအချာပါပဲနော်။
Source – Lin Aung Khit