စာနာစိတ်ထားပြီး အောက်စီဂျင်အိုးတွေ ကို ဈေးတင်မရောင်းဖို့ ပြောလာ တဲ့ ဖွေးဖွေး

ဖွေးဖွေးကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ အကယ်ဒမီဆုရှင် သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူမက အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလဲ ပီပြင်စွာသရုပ်ဆောင်နိုင်သူ တစ်ယောက်ပါ။ ဖွေးဖွေးနဲ့ သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်

ဆိုတာလဲ ညီမဝမ်းကွဲတွေပါ။ နှစ်ယောက်လုံးက အောင်မြင်ကျော်ကြားကြတဲ့ မင်းသမီးတွေပေါ့။ ဖွေးဖွေးက တော်လှန်ရေးကာလတွေ စကတည်းက ပြည်သူတွေနဲ့အတူရပ်တည်ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့သူ တစ်ယောက်ပါ။ ယနေ့ထိလဲ ပြည်သူနဲ့အတူရှိနေဆဲပါပဲ။

သူမက ၅၀၅ (က) ကိုရှောင်တိမ်း ထွက်ပြေးနေရပေမယ့် ရောဂါဆိုးအပေါ်အမှီပြုပြီး အမြတ်ကြီးစားနေကြတဲ့ လူတချို့ကို ကိုယ်ချင်းစားကြဖို့ မေတ္တာရပ်ခံလာပြီး ကမ်ပိန်းလေးတစ်ခုမှာ ပါဝင်လာဖို့ဖိတ်ခေါ်ထားပါတယ်။ “ကျေးဇူးပြု၍ စိုးရိမ်ပူပန်စွာဖြင့် ရန်ကုန်သာမက

တစ်ပြည်လုံးကိုကယ်တင်ဖို့ လိုနေပါပြီ O2 ပြဿနာက မြို့တိုင်းကြုံနေရပါပြီ LetUs Breathe ဆိုတာ ဘာလဲ? ဒီ let us breathe campaign ဟာ မြန်မာလိုကျွန်ုပ်တို့ကို အသက်ရှူခွင့်ပေးပါလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ကျွန်ုပ်တို့ကို အသက်ရှူခွင့်ပေးပါ။

မတ.ရ.ားသဖြင့် ဈေးတွေမတန်တဆနဲ့ အောက်စီဂျင်အိုးတေ မရောင်းကြပါနဲ့တော့၊ မလိမ်ကြပါနဲ့တော့၊ အိုးအသေးတွေ များများသွင်းပေးကြပါ၊ အလွယ်တကူ အောက်စီဂျင်ရှူခွင့်ပေးပါ၊ အိုးတွေငှားပြီးလည်း လိုအပ်သူတွေအတွက် ပြန်ပို့ပေးကြပါ၊ အမြတ်ကြီးစားပြီး

မရောင်းကြပါနဲ့တော့၊ မြန်မာပြည်ကို ကယ်တင်ပေးကြပါ စတဲ့အဓိပ္ပာယ်တွေ ပါပါတယ်။ လူလူချင်း စာနာကြရအောင်ပါ၊ အားလုံးပဲ Let Us Breathe Campaign မှာ ပါဝင်ပေးကြပါ။” ဆိုပြီး ဖွေးရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ဖိတ်ခေါ်ထားပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *