တစ်ခါမှ မသိကျွမ်း မမြင်ဘူး သူ တစ်ယောက်ရဲ့ ခြံထဲ ဝင်ထို င်ပြီး ငိုခဲ့ရ တဲ့ အဖြစ် အပျက် ကို စိတ်မကောင်းစွာ ပြောပြလာတဲ့ ပြည်သူတစ်ဦး

ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေကြတဲ့ အချိန်မှာ အရင်လို ပြုစုစောင့်ရှောက်ပေးမယ့်နေရာတွေ မရှိတာကြောင့် ပြည်သူတွေ အချင်းချင်းကပဲ အစစအရာရာ အစားအသောက်၊ ဆေးဝါး ကအစ လက်လှမ်းမီရာ ကူညီစောင့်ရွက်ပေးနေကြတာပါ ။

ကိုယ့်ပတ်ဝန်းကျင် အနီးအနားမှာ ကိုဗစ်ကူးစက်ခံရပြီး ကူသူမရှိ ဒုက္ခရောက်နေသူတွေကိုလည်း သိသိမသိသိ အစွမ်းကုန်ကူညီမှုတွေပေးနေကြတာ လေးစားစရာပါ။

မနေ့ကဆိုရင်လည်း ဘေးအိမ်မှာ တစ်ဦးတည်း နေထိုင်တဲ့ ဦးလေးကြီးတစ်ယောက်က ကိုဗစ်ကူးစက်ခံရပြီး အတော်လေး နေမကောင်းဖြစ်နေတာကြေရင့် ဖုန်းဆက်အကူအညီ တောင်းခံလာတဲ့ အဖြစ်ကို စိတ်မကောင်းစွာ ပြောပြထားတဲ့ ပို့စ်လေးတစ်ခု လူမှုကွန်ရက်စာမျက်နှာထက်မှာ တွေ့ရပါတယ် ။

ဦးလေးကြီးက သူမကို တွေ့တာနဲ့ ဆေးရုံတက်ချင်တယ် တဖွဖွပြောနေတာကြောင့် နေရာအစုံဖုန်းလိုက်ဆက်ပေမယ့် မရခဲ့လို့ ခြံထဲမှာပဲ စိတ်မကောင်းဖြစ်ကာ ငိုမိခဲ့တယ်လို့ ဆိုပါတယ် ။

သူမလည်း မတက်နိုင်တဲ့ အဆုံး ရတာလေးတွေ ကူညီပေးခဲ့တယ်လို့သိရပါတယ် ။ သူအနေနဲ့လည်း တစ်ညလုံး ဘာမှမကူနိုင်လို့ စိတ်သောကရောက် ဝမ်းနည်းခဲ့ရပုံအကြောင်းစုံကို ” ဖုန်းဆက်လာလို့ သွားကြည့်ပေးတာ ခြံတံခါးမကြီးကပွင့်နေလို့တွန်းဝင်သွားလိုက်တယ်။

ကြောက်ပေမဲ့လို့ ကယ်လို့ရရင်ကယ်ကောင်းပါတယ်ဆိုပြီး ယောင်းတို့သူငယ်ချင်းတွေ အိမ်ထဲဝင်သွားပြီး ‌အော်ခေါ်တာ ဘာအသံမှမကြားရဘူး ခဏကြာမှ ယိုင်တိုင်ယိုင်တိုင်နဲ့ဦးလေးကြီးတစ်ယောက် အိမ်တံခါးလာဖွင့်တယ် မိသားစုဝင်တွေရှိပေမဲ့ ခုချိန်မှာတော့ ဦးလေးကြီးက အိမ်ကြီးထဲမှာ တစ်ယောက်ထဲ ဖျားနေတယ်။

ယောင်း ကိုတွေ့တော့ ဦးလေးကြီးက ဆရာမ ကျွန်တော်ဆေးရုံတက်ချင်တယ် ဆေးရုံတက်ချင်တယ် ခဏခဏပြောတယ် ရင်ဘတ်ထဲ စူးစူးပြီးအောင့်တယ် အစာအိမ်နာတယ် မောတယ် ကျွန်တော် စစ်မှူ့ထမ်းဟောင်းပါ စစ်ဆေးရုံသွားလို့ရမလား ဆရာဝန်ခေါ်ဆေးထိုးရင်ကောင်းမလား စဖြင့် အများကြီး ပြောခဲ့တယ် ။

အစွမ်းကုန် ဟိုရှာဒီရှာ ဟိုဆက်ဒီဆက်လုပ်ပေးခဲ့တယ် ဘာမှမရခဲ့ဘူးကိုယ်ကခြံထဲထိုင်ပြီးရလိုရငြားကြီုးစားပေးခဲ့တယ် ထိုင်ငိုနေရုံကလွဲပြီး ဘာမှမဖြစ်လာခဲ့ဘူး ဘယ်သူ့ကိုမှအပြစ်မပြောလိုတော့ပါဘူး ဦးလေးကြီးရဲ့ ကံ ပေါ့ ဒီညနေတာ ဆေးကုသမူ့ခံယူရင် အောက်ဆီဂျင်ပေနိုင်ရင် အနားမှာ ပြုစုပေးမည့်သူရှိရင် ဦးလေးကြီး အသက် သေချာပေါက်ရှင်တယ်။

ဖျားတာ3ရက် မောတော့မောနေတယ် ထိုင်နိုင်တယ် ဒါပေမဲ့ ဦးလေးကြီးက စိတ်အားငယ်နေတာ အနားမှာဘယ်သူမှမရှိတော့ စိတ်ဓာတ်ကျနေတာ ရေနွေးလေးတောင်ကြိုတိုက်မည့်သူမရှိတဲ့ဘဝ ကူကယ်ရာမဲ့နေတာ ဆေးရွက်တွေလည်းဘေးအိမ်အကူညီတောင်းပြုပ်ပေးခဲ့တယ် အစာအိမ်ဆေးပေးခဲ့တယ် ရေနွေးတစ်ဗူးချထားပေးခဲ့တယ်။

ဒီတစ်ညတော့အားတင်းထားပါ မနက်ဖြန်သမီး ကားရအောင်ရှာခဲ့မယ် ဆေးရုံတင်ပေးမယ် ဆေးသောက်ပြီး ဆေးရွက်ပြုပ်ရည်လေးရှူထား စိတ်ဓာတ်မကျဖို့မှာခဲ့တယ် ဦးလေးကြီး တံခါးဘေးနား ဖင်ထိုင်ရက်လဲကျသွားတယ် သွားထူလို့ကမရ မကြည့်ရက်တော့လို့ ထွက်လာခဲ့တယ် သူအရမ်းအားငယ်သွားလောက်တယ်။

လဲကျနေတာတောင် ထူပေးမဲ့သူမရှိတဲ့ဘဝ ကိုယ်ရှေ့မှာ ဝေဒနာခံစားနေရတာကိုကြည့်ပြီး ဘာမှမလုပ်ပေးနိုင်ဘူး သနားလွန်းလို့ ငိုလိုက်ရတာ ညမိုးချုပ်အိမ်ပြန်ရောက်တဲ့အထိပဲ တစ်လမ်းလုံး ဦးလေးကြီး အကြောင်းစဉ်းစားပြီးငိုခဲ့ရတယ် နောက်မနက်သွားတော့ လမ်းထိပ်ပဲရောက်သေးတယ် ဦးလေးကြီးအိမ်ရှေ့မှာ PPEတွေဝတ်ထားတဲ့လူတွေ ‌အိမ်ကိုဆေးဖြန်းနေကျတယ်။

ဒါဆိုဦးလေးကြီး ဆုံးသွားပြီပေါ့နော် ဦးလေးကြီးနဲ့နောက်ဆုံးတွေ့ခဲ့တဲ့သူက ကိုယ်ဖြစ်နေပြီး ဝေဒနာခံစားနေရတာကို ဒီတိုင်းရပ်ကြည့်နေခဲ့ရတယ် မကယ်လိုက်နိုင်တာ စိတ်မကောင်းအဖြစ်ဆုံးပဲ ဦးလေးကြီးက မသေသင့်ပဲသေသွားရသူပါ ခုလိုအဖြစ်ဆီုးမျိုးနောင်ဘဝမှာမကြုံပါစေနဲ့ ဦးလေးကြီး ကောင်းရာမွန်ရာရောက်ပါစေ။

ဒီလိုအဖြစ်မျိုး တစ်နိုင်ငံလုံး နေရာအနှံဘယ်လောက်တောင် များနေမလဲ ရှင် ” ရေးသားဖော်ပြထားရာ ဒီအဖြစ်အပျက်လေးကို ဖတ်ပြီး ကိုယ်ပါ ထပ်တူ စိတ်မကောင်းဖြစ်မိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း မိသားစုဝင်ထဲမှာ နေမကောင်းတဲ့ သက်ကြီးရွယ်အိုတွေရှိပါက အနားမှာ စောင့်ရှောက်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ ။

Photo Credit : Original Uploader

Add a Comment

Your email address will not be published. Required fields are marked *