အောက်စီဂျင်စက်တွေ ရောက်ရှိ လာပြီဖြစ်ကြောင်း သတင်းကောင်းလေး ကို မျှေ ဝ လာ တဲ့ နန္ဒာလှိုင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နန္ဒာလှိုင်ကတော့ လတ်တလောမှာပြည်သူတွေအတွက်လိုအပ်နေတဲ့အောက်စီဂျင်စက်ရုံကို ဆောက်လုပ်လှူဒါန်းဖို့လုပ်ဆောင်နေပြီး စက်ရုံမပြီးခင်ကြားကာလမှာ အောက်စီဂျင်ရရှိနိုင်ဖို့အတွက် အောက်စီဂျင် concetrator တွေကို လှူဒါန်းပေးနေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ ပြီးခဲ့တဲ့ ရက်တွေကတည်းကလည်း ဝယ်ယူလိုရသလောက် အောက်စီဂျင် concetratorကို ဝယ်ယူလှူဒါန်းပေးနေခဲ့ပြီး

ဒီနေ့မှာလည်း နောက်ထပ် ဝယ်ယူထားတဲ့ အောက်စီဂျင် concetrator တွေကထပ်မံရောက်ရှိလာခဲ့ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြလာခဲ့ပါတယ်။ “နောက်ဆုံးတော့ရောက်လာပါပြီ။ စိတ်ရှည်သည်းခံပြီးစောင့်ပေးခဲ့ကြတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင်” လို့ အောက်စီဂျင် concetrator စက်တွေ သူရဲ့အိမ်ကိုရောက်ရှိနေပြီဖြစ်ကြောင်းပစ္စည်းတွေကို ကားပေါ်ကချနေတဲ့ ပုံလေးတွေကိုပါဖော်ပြထားခဲ့ပါသေးတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒီနေ့နေ့ချင်းပဲ အောက်စီဂျင် concetrator စက်တွေကို လှူဒါန်းပေးသွားမှာဖြစ်ပြီး သူရဲ့ကန်ရိပ်သာအိမ်မှာ အောက်စီဂျင် concetrator စက်တွေကို လာရောက်ထုတ်ယူနိုင်ပါပြီတဲ့။ CeleZone ပရိသတ်ကြီးရေ တကယ်လိုအပ်နေတဲ့ပြည်သူတွေအတွက်တော့ ဝမ်းသာစရာသတင်းလေးမို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Nandar Hlaing

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Add a Comment

Your email address will not be published.