အောင်လအန်ဆန် ထိုးကြေး ရဲ့ 20% ကို ပြိုင်ဘက် အားခွဲပေး လိုက်ရ
|အောင်လအန်ဆန်းရမယ့် ထို.းကြေးထဲက 20% ကို လီအန်ဒရို ဆီ ခွဲပေးလိုက်ရတဲ့အကြောင်းအရင်း
အောင်လအန်ဆန်း နဲ့ လီအန်ဒရို တို့ရဲ့ပွဲဟာ Middleweight တန်း ခေါင်းစဉ်အောက်နေ ထို.းသ.တ်တာမဟုတ်ပဲ Catchweight တန်းအဖြစ် ထို.းသ.တ်ခဲ့တာ ပရိသတ်တချို့ သတိထားမိမယ် ထင်ပါတယ်။
အကြောင်းအရင်းကတော့ ပွဲထို.းခါနီး ဝိတ်ချိန်ခဲ့ရာမှာ အောင်လအန်ဆန်းရဲ့ ဘော်ဒီဝိတ်က သတ်မှတ်ထားတဲ့ ဝိတ်တန်းထက် ကျော်နေတဲ့အတွက်ကြောင့်ပါ။
One Championship ဟာ Middleweight တန်းအတွက် 93 kg ကန့်သတ်ထားပေမယ့် အောင်လရဲ့ဝိတ်က 95.8 kg အထိရှိခဲ့ပါတယ်။ ဒါကြောင့် Catchweight တန်းအဖြစ် ခေါင်းစဉ်ပြောင်းလိုက်ရတာ ဖြစ်ပါတယ်။
ရလာဒ်အနေနဲ့တော့ အောင်လအန်ဆန်းဟာ သူရမယ့်ထို.းကြေးထဲက 20% ကို လီအန်ဒရိုဆီ ခွဲပေးလိုက်ရတယ်လို့ သိရပါတယ်။