အချစ်ဆရာမကြီး နန်းဆုရတီစိုးရဲ့ ကိုယ် တိုင် အရိပ်အမြွတ်ပြောပြ လာ တဲ့ သူရဲ့ မူကြို ကျောင်းသားလေး
|ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းဆုရတီစိုးတစ်ယောက် ချစ်သူရပြီးကတည်းက
ငြိမ်ချက်သား ကောင်းလွန်နေပါတယ်နော်။ လက်ရှိချစ်သူနဲ့ တွဲလာတာ
တစ်နှစ်ကျော်ကြာပြီဆိုပေမယ့်လည်း အခုထိတော့ တရားဝင် ပြောမပြသေးပါဘူးနော်။
ချစ်သူလက်ဆောင်ပေးတာလေးတွေကိုတော့ အမြဲတမ်း ထုတ်ပြလေ့ရှိပါတယ်နော်။
stay home ကာလဖြစ်တာကြောင့် အိမ်ထဲမှာနေရတဲ့ ချစ်သူလေးအတွက်
နန်းဆုကောင်လေးက အစားအသောက်မျိုးစုံကို ဝယ်ပြီးပို့ပေးထားတာ ကြည်နူးစရာကောင်းလှပါတယ်နော်။
နန်းဆုအပေါ် ဂရုစိုက်တတ်တဲ့ ချစ်သူကို ပရိသတ်တွေကလည်း အရမ်းကို သိချင်နေကြပါပြီနော်။
သူမရဲ့ ကောင်လေးကို စိတ်ဝင်စားနေကြသူများအတွက် နန်းဆုကိုယ်တိုင်
စုံတွဲပုံဆွဲထားတာကို ဆိုရှယ်မီဒီယာကနေ တင်ပေးလိုက်ပြီဖြစ်တဲ့အတွက်
ပရိသတ်ကြီးလည်း ကြည့်ရှုပြီး ခန့်မှန်းပေးသွားကြပါဦးနော်။