လေးနှစ်ကျော်တွဲခဲ့တဲ့ ချစ်သူနှစ်ဦး အပြီး တိုင်လမ်းခွဲ လိုက်ပြီ

သေလောက်အောင်ချစ်ခဲ့ရတဲ့သူမို့
လမ်းခွဲတဲ့အချိန်မှာလဲ သေလောက်အောင်နာကျင်ရပါတယ်

A သူ့ကိုဘယ်လောက်နာကျည်းနေပါစေ
ဒါပေမဲ့ A တို့နှစ်ယောက်ကို အခြားသူတွေအမြင်မှာ ကောင်းသော အမှတ်တရလေးတွေနဲ့ပဲ ကျန်ခဲ့စေချင်လို့ပါ

အဲ့ကြောင့် A ဒီလမ်းခွဲတဲ့ကိစ္စနဲ့ပက်သက်ပြီး
နောက်ထပ် ဘာမှထပ်ပြောတော့မှာမဟုတ်ပါဘူးနော်

လေးနှစ်ကျော်လုံး ဘယ်တော့မှ လွှတ်မချနိုင်ခဲ့ပဲမရရအောင် ဆုပ်ကိုင်ခဲ့တဲ့ လက်တစ်စုံ
နောက်ဆုံးတော့ လွှတ်ချနိုင်ခဲ့ပါပြီအခြားသူအတွက်ပေးဆပ်ရင်း ကိုယ့်အတွက်ကိုယ်

အသက်ရှုဖို့တောင်မေ့နေခဲ့တဲ့သူမို့ ရှေ့ဆက်ရမဲ့ ဘဝမှာ ကိုယ့်ကိုကိုယ်အများကြီးပြန်ကြည့်ပေးပြီး ကြိုးစားနေထိုင်သွားမှာပါဒီကာလကြီးမှာ ဒီလိုကိစ္စမျိုးအသိပေးရတဲ့အတွက်လည်းတကယ် တောင်းပန်ပါတယ်

Add a Comment

Your email address will not be published. Required fields are marked *