ပြည်သူရွေးချယ်ထား တဲ့ အစိုး ရ ကို ပဲ အာဏာပြန်လွှဲပေးရ မယ် (UK နိုင်ငံခြားရေးဝန်ကြီး)

အမည်ခံ အရေးပေါ်ကာလသက်တမ်းတိုးလိုက်တဲ့ မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာကို အတင်းအဓမ္မဖက်တွယ်ထားဖို့ကျိုးစားတဲ့ အရှက်မရှိတဲ့ လုပ်ရပ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကိုလေးစားဖို့လိုသလို ပြည်သူတွေဒီမိုကရေစီနည်းကျကျရွေးချယ်ထားတဲ့ အစိုးရကိုပဲ အာဏာပြန်လွှဲပေးရမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က သူ့တွစ်တာမှာ ဗြိတိန်အစိုးရရဲ့သဘောထားရပ်တည်ချက်ကို ရေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကနေ အသွင်ကူးပြောင်းလာမဲ့ အုပ်ချုပ်ရေးအဖွဲ့ ဘယ်လိုအဖွဲ့မျိုးကိုမှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေကပြောဆိုထားပြီးဖြစ်ပါတယ်။

BNN

Add a Comment

Your email address will not be published. Required fields are marked *