ကြက်ပေါင်း ရည် လုပ်နည်းလေး

အပြင်မှာကြက်ပေါင်းရည်ဝယ်မရတော့ဘူးဆိုလို့ကြက်ပေါင်းရည်လုပ်နည်းလေး ပြန်လည်၍ဝေမျှပေးလိုက်ပါတယ်နော် ။

ကိုယ်လည်းအပြင်မထွက်တာ ၁ပတ်လောက်ရှိပြီမို့ရှိတာလေးနဲ့လုပ်ပြထားပါတယ် ။ ကြက်ပေါင်းရည်ဆိုတာကြက်ကိုပေါင်းပြီးထွက်လာတဲ့အရည်ချိုကိုပြောတာပါ ။

ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ်တို့လိုပါတယ် ကြက်သားကိုရေစင်အောင်ဆေးပါ ၊နံနံပင်ရဲ့အမြစ်ကိုရေစင်အောင်ဆေးပါ။

ဂျင်းကိုအခွံခွာပြီး မထူမပါးလှီးပါ ၊ကြက်သွန်ဖြူအမွှာကိုခွာယူပြီး ရေဆေးပါ (အခွံမခွာပါဘူးရှင် အခွံနဲ့တစ်ပါတည်းထည့်ပေါင်းမှာပါနော် )

ဇောက်နက်တဲ့ပန်းကန်ထဲကို ပန်းကန်လုံးအသေး​လေးတစ်လုံးမှောက်ထည့်ပါ သူ့အပေါ်မှ ကြက်သား ဂျင်း ကြက်သွန်ဖြူနံနံပင် ဖြန့်ပြီးထည့်ပါ

ထမင်းပေါင်းအိုးထဲကို ရေထက်ဝက်ခန့်ထည့်ပြီး အပေါ်ကန့်သုံးကာ ၂နာရီခန့်ပေါင်းပါ အဖုံးမဖွင့်ကြည့်ပါနဲ့ ကြက်ပေါင်းရည်ရဖို့

အချိန်၂နာရီကလုံလောက်ပါတယ်ရှင်ကြက်ပေါင်းရည်လိုတာထက်ပိုထွက်ချင်ရင် ဒီလိုလေးလုပ်ပါရှင်

ဇစ်အိတ်လေးတွေထဲ ရေခဲတုံးလေးတွေထည့်ပြီး အိုးအဖုံးပေါ်ကို တင်ပေးပါရှင်ဘယ်အချိန်လုပ်ရမလဲဆိုတော့ အချိန်ပြည့်ဖို့ ၅မိနစ်၁ဝမိနစ်အလိုလောက်မှာလုပ်လို့ရပါတယ်

ဘာအရသာမှုန့် ဘာဆားမှမထည့်ပါဘူး ။ကြက်ကတော့ ဗမာကြက်အသုံးပြုတာတော့အကောင်းဆုံးပါရှင် ။

ကြက်ပေါင်းရည်ထဲမှာအဆီတွေဝေ့နေတာမနှစ်သက်ဘူးဆိုရင် ကြက်ပေါင်းတဲ့အခါ ကြက်အရေခွံကိုဖယ်ပြီးပေါင်းပေးပါရှင့် ။Htun Thiri

မူရင်းပိုစ့်ပိုင်ရှင် မမအားcredit ပေးပါသည်။

မှတ်ချက် ။ ။အရေခွံမချွတ်လျှင် အဆီထွက်ပြီးလည်ချောင်းယားပြီးချောင်းဆိုးတတ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *