ပြိုင်ပွဲကျင်း ပ မည့် ရက် များ One Championship အတည်ပြု ထုတ်ပြန်

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများ ကျင်းပနေသည့် One Championship အဖွဲ့အစည်းသည် သြဂုတ်နှင့် စက်တင်ဘာ တွင် ပြိုင်ပွဲကျင်းပမည့်ရက်များ အတည်ပြု ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

One Championship သည် သြဂုတ် (၁၃)၊ (၂၇) ရက်၊ စက်တင်ဘာ (၃)၊ (၂၄) ရက်တွင် ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြု ခဲ့ပြီး စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်

ဇူလိုင် (၃၀) ရက်က ကျင်းပသည့် Battleground အမည်ရ MMA ပြိုင်ပွဲအပြီးတွင် သြ ဂုတ်နှင့် စက်တင်ဘာပြိုင်ပွဲများ၌ပါဝင်မည့် တွဲဆိုင်းအချို့ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် (၁၃) ရက် ကျင်းပမည့် Battleground II ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် တရုတ် နိုင်ငံသား ကျန်လီပင်းနှင့် ဖိလစ်ပိုင်နိုင်ငံသား ဖိုလာရန် ထိုးသတ်မည်ဖြစ်ပြီး

စက်တင်ဘာ (၃) ရက် ကျင်းပမည့် Empower ပြိုင်ပွဲတွင် တွဲဆိုင်းအားလုံး အမျိုးသမီးပွဲစဉ်များသာ ကျင်းပမည်ဖြစ်သည်

ယင်းပြိုင်ပွဲတွင် အမျိုး သမီး Straw ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် လက်ရှိချန်ပီယံ တရုတ်နိုင်ငံသူ ရှောင် ကျင်းနန်နှင့် ဘရာဇီးနိုင်ငံသူ နီကိုလီနီ ယှဉ် ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ထို့ကြောင့် ယခုလအတွင်းကျင်းပမည့် ပြိုင်ပွဲနှစ်ခုတွင် အမျိုးသားတွဲဆိုင်းအများစု သာ ပါဝင်ဖွယ်ရှိပြီး မြန်မာ MMA ကစား သမား ထီရယ်လ်ထန်၏တွဲဆိုင်းလည်း ပါဝင် လာဖွယ်ရှိနေသည်။

One Championship သည် အဓိကတွဲဆိုင်းများကိုသာ ထုတ်ပြန်ရ သေးပြီး တွဲဆိုင်းအားလုံး မထုတ်ပြန်ရသေး သဖြင့် ထီရယ်လ်ထန်၏တွဲဆိုင်း ပါဝင်လာရန် အခွင့်အရေးရှိနေခြင်းဖြစ်သည်။

One Championship သည် ကပ်ရောဂါအခြေအနေ ကြောင့် ကစားသမားအပြောင်းအလဲရှိနိုင် သဖြင့် ပြိုင်ပွဲကျင်းပရန် တစ်ပတ်အလိုမှသာ တွဲဆိုင်းများ ထုတ်ပြန်လျက်ရှိသည်

credit original writer

Add a Comment

Your email address will not be published. Required fields are marked *