တိမ်းရှောင်နေရတဲ့အခြေအနေတွေ မှာတောင် လိုအပ်နေသူတွေ အတွက် အာဟာရဒါနတွေ မပြတ်လုပ်ပေးနေတဲ့ ခင်လှိုင်တို့မိသားစု

အာဏာသိမ်းမှုစတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာခင်လှိုင်တို့မိသားစုဟာ လက်ရှိမှာလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီး မိသားစုတွေ တကွဲတပြားဖြစ်နေဆဲပါပဲ။

ဒီလိုတိမ်းရှောင်နေရတဲ့ အကျပ်အတည်းကာလတွေမှာတောင် သူတို့ထက်ပိုပြီးခက်ခဲတဲ့ ပြည်သူတွေရဲ့ဘဝကိုစာနာပြီး မကြာခဏဆိုသလို အာဟာရဒါနတွေလုပ်လေ့ရှိပါတယ်။ ဒီနေ့မှာလည်း အရသာရှိတဲ့ နွားနို့ဆန်ပြုတ် ပူပူလေး ပွဲပေါင်း (၁၃၀) ကို တကယ်လိုအပ်နေတဲ့သူတွေဆီ အရောက်ပို့ကာလှူဒါန်းပေးခဲ့ကြပါတယ်။

ကိုယ်တိုင်ကိုယ်ကျသွားရောက်မလှူဒါန်းနိုင်တာတောင် ခင်မင်သူတွေကို အကူအညီတောင်းပြီး မရရအောင်လှူဒါန်းပေးတဲ့ သဒ္ဓါစိတ်လေးက တကယ်ကိုလေးစားဖို့ကောင်းပါတယ်။ ဆန်ပြုတ်ခွက်ထဲမှာ ဇွန်းလေးတစ်ချောင်းထည့်ပြီး အဆင်သင့်စားရအောင်စဉ်းစားပေးတဲ့ စိတ်လေးကလည်း ချစ်ဖို့ကောင်းလွန်းပါတယ်။

ဒီလိုအလှူလေးကို ပီတိဖြစ်တဲ့အကြောင်း ဦးခင်လှိုင်ရဲ့သမီးဖြစ်သူ သဇင်ထူးမြင့်က ” ဒီနေ့ သဲတို့မိသားစုရဲ့နောက်ထပ်အလှူလေးအဖြစ် နွားနို့ဆန်ပြုတ် ပွဲ၁၃၀စာ ထပ်လှူဖြစ်ပါတယ် အဆင်သင့်သုံးဆောင်နိုင်အောင် မေမေ့စိတ်ကြိုက် Steel ဇွန်းလေးတွေ ထည့်ပေးထားပါတယ် အလှူတိုင်းမေမေ့ရဲ့အိုင်ဒီယာလေး ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။

နောက်ထပ်လည်း သဒ္ဓါကြည်ဖြူသွားမယ့်အကြောင်းကို ” ကိုယ်တိုင် ထွက်ပြီး လိုက်လှူချင်​တာ ထွက်လို့ အဆင်မပြေတဲ့တွက် ကိုkinaနဲ့မဆုကို အကူညီတောင်းပြီးဂျီကျလိုက်တာ အစစအရာရာ အကုန်အဆင်ပြေအောင် အပင်ပန်းခံပြီး တကယ်ခက်ခဲတဲ့နေရာတွေထိ သွားလှူပေးကြလို့ တဖွဲ့လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

တတ်နိုင်သလောက် ထပ်ပြီးလှူဒါန်းသွားနိုင်အောင်ကြိုးစားပါ့မယ် ” ဆိုပြီး ထပ်ပြောခဲ့ပါသေးတယ်။ အလှူရေစက် လက်နဲ့မကွာ လှူချင်စိတ်ရှိတိုင်း လှူဒါန်းနိုင်သူတွေ ဖြစ်ကြပါစေ။

သတင်းအရင်းမြစ်: Thzin Htoo Myint’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *