ကွာရာတင်းဝင်ရောက်နေတဲ့သူတွေနဲ့ ဆေးရုံ မှာဆေးကုသမှုခံယူနေသူတွေ အတွက် အာဟာရဒါနအလှူလေးလှူဒါန်းပေးခဲ့တဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်ကတော့ မနေ့က အာဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ခိုင်သင်းကြည်တို့မိသားစုကတော့ အမြဲတမ်းလိုလို လိုအပ်နေတဲ့ နေရတွေမှာလိုအပ်တာတွေကို လိုက်လံလှူဒါန်းပေးလေ့ရှိပြီး အလှူအတန်းရက်ရောလှတဲ့ မိသားစုလေးဆိုတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

မနေ့က သြဂုတ်လ(၄)ရက်နေ့ကလည်း ခိုင်သင်းကြည်တို့ မိသားစုက ကာလဒါနအာဟာရဒါနအလှူလေးအနေနဲ့ ကျောက်တန်းစံပြရွာ Quarantine ဝင်ရောက်နေသူများ၊ဆေးရုံတက်ရောက်နေသူများ နှင့် Quarantine center အတွက် နေလယ်စာ အာဟာရဒါနအလှူလေးအနေနဲ့ ကြက်သားဒံပေါက်တွေ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလိုကိုဗစ်ကြောင့် ကွာရာတင်းဝင်ရောက်နေရတဲ့သူတွေနဲ့ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှုခံယူနေရတဲ့သူတွေအတွက် အာဟာရဒါနလှူဒါန်းပေးတဲ့ အလှူလေးကတော့ တကယ်ကို မွန်မြတ်လှတဲ့အလှူလေးပါပဲနော်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ခိုင်သင်းကြည်က အလှူလေး ပြုလုပ်ခဲ့တဲ့အကြောင်းလေးနဲ့အတူ မြန်မာပြည်သူပြည်သားတွေအားလုံးလည်း ကပ်ကြီးသုံးပါးကျော်လွှားနိုင်ပြီး ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ခိုင်သင်းကြည်တို့ မိသားစုရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Thin Kyi

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Add a Comment

Your email address will not be published.